Pages

Saturday, November 10, 2012

ကမ္ဘာအမြင့်ဆုံး ဟိုတယ် မြောက်ကိုရီးယား မြို့တော် ပြုံယမ်းတွင် ဖွင့်တော့မည်

ဆိုးလ် နိုဝင်ဘာ ၁
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင်ဆောက်လုပ်လျက် ရှိသော အထပ်ပေါင်း ၁ဝ၅ ထပ်ပါ ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်အား လာမည့် ၂ဝ၁၃ ခုနှစ် တွင် ဖွင့်လှစ်တော့ မည်ဟု သိရသည်။ ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာမည့် ပိရမစ်ပုံစံ Ryugyong ဟိုတယ်အား မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တွင် ဂျာမန် ဟိုတယ်လုပ်ငန်း Kempinski  AG ကဆောက်လုပ်လျက် ရှိရာ ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်နိုင်တော့မည်ဟု ကုမ္ပဏီ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ရီတိုဝှစ်တ်ဝါက တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တွင် နိုဝင်ဘာ ၁ ရက်ကပြောသည်။