
Pages
▼
Wednesday, November 14, 2012
မျိုးသုဉ်း ပျောက်ကွယ် တော့မည့် လင်းနို့ မျိုးစိတ်

ဟိုင်ဒါ
ဂွါအီ ကမ်းလွန် ဒေသတွင် ပြင်းအား ရစ်ခ်ျတာ စကေး ၇ ဒသမ ၇ ရှိသော ငလျင်တစ်ခု
လှုပ်ခတ် ခဲ့ပြီးနောက် မျိုးသုဉ်း ပျောက်ကွယ် တော့မည့် လင်းနို့မျိုးစိတ်
တစ်မျိုးသည် သားပေါက်ရာ အရပ်ဒေသ ဆုံးရှုံး ရတော့မည့် အခြေ အနေနှင့် ရင်ဆိုင်
ရလျက် ရှိသည့်အပြင် ကျွန်းပေါ်ရှိ ရေပူစမ်း များလည်း ပျောက်ဆုံး
နိုင်ကြောင်း သိရသည်။
ကမ္ဘာ့အသက်အကြီးဆုံး Facebookသုံးစွဲသူ

Appleကုမ္ပဏီက ၉၄နှစ်ရှိပြီဖြစ်သည့် ကမ္ဘာ့အသက်အကြီးဆုံး iPadသုံးစွဲသူကို ကြေညာလိုက်ချိန်မှာ Facebookကလည်း အားကျမခံသည့်အနေဖြင့် အသက် ၁၀၅နှစ်ရှိပြီဖြစ်သည့် Facebookသုံးစွဲသူရှိကြောင်း အထောက်အထားများနှင့် ပြသခဲ့သည်။မာရီယာဆိုသည့် သက်တော်ရာကျော်ရှိပြီဖြစ်သည့် အဘွားအိုကို ၁၉၀၇ခုနှစ်က မွေးဖွားခဲ့သည်။ ယင်းအဘွားအိုခေတ်တုန်းက အင်တာနက်၊ ကွန်ပျူတာ၊ ရုပ်မြင်သံကြားစက်နှင့်ဖုန်းများ မရှိသေးသော်လည်း အသက်၁၀၅ နှစ်ပြည့်ချိန်မှာတော့ ယင်းအဘွားအိုက Facebookကို iPadပေါ်မှာ သုံးစွဲနေပြီဖြစ်သည်။ ယင်းအဘွားအို၏ Facebook စာမျက်နှာပေါ်တွင်လည်း အဘွားအိုကို သက်တော်ရာကျော်ရှည်စေကြောင်း ဆုမွန်ကောင်း တောင်းပေးကြသည့် သူများနှင့် ပြည့်နှက်နေသည်။
ref: ပြည်မြန်မာ
