Pages

Thursday, January 10, 2013

အမှတ်တမဲ့အလွဲများ( ၂၂ )

သူငယ်ချင်းများအတွက် ဒီတစ်ခါလာတဲ့အလွဲလေးတွေကတော့...
အမရေ မထိုင်လိုက်နဲ့နော်...ထိုင်လိုက်ရင် ဂွမ်းသွားမယ်...ဟီး

ကြိုးတန်းလမ်းလျှောက်ပြီး မွေးရပ်ကို အလွမ်းအဖြေသည့် ဂျာမနီမှ ဂေါ်ရီလာမျောက်ဝံ


ဒိန်းမတ်နိုင်ငံ Givskud တိရိစ္ဆာန်ဥယျာဉ်မှ ဂျာမနီနိုင်ငံ ကရီဖီလ်တိရိစ္ဆာန် ဥယျာဉ်သို့ ရောက်ရှိလာသော ၁၂နှစ်အရွယ်ရှိ ဂေါ်ရီလာမျောက်ဝံသည် အိမ်လွမ်းသည့်ဝေဒနာ ဖျေဖျောက်နိုင်စေရန်အတွက် ကြိုးတန်းပေါ်တွင် လမ်းလျှောက်လေ့ရှိကြောင်း တိရိစ္ဆာန်ရုံမှ တာဝန်ရှိသူများက သတိထားမိခဲ့ကြသည်။

အသေးဆုံး စကိတ်ကိုစီးပြီး အဝေးဆုံးခရီးကို နှင်ခဲ့သူ


တရုတ်(တိုင်ပေ)ရှိ စကိတ်စီးသမား ဝူမန်လောင်းဆိုသူသည် စကိတ်စီးပြီး ကီလိုမီတာ ၃ဝဝ(၁၈၆မိုင်) ခရီးနှင်နိုင်ခဲ့သောကြောင့် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်သွားသည်။ ယင်းသို့ မိုင်ပေါင်းရာချီ ခရီးနှင်နိုင်ရန်အတွက် ၂၄နာရီမျှ အချိန်ယူခဲ့ရသည် ဟုဝူကဆိုသည်။
ref:ပြည်မြန်မာ