Pages
▼
ပြင်သစ်နိုင်ငံမှ စက်ဘီး
ဝါသနာအိုးတစ်ဦးသည် ပြင်သစ်နိုင်ငံ၏ အထင်ကရ စက်ဘီးပြိုင်ပွဲဖြစ်သော Tour de
France ပြိုင်ပွဲသို့ဝင်ရောက် ဆင်နွှဲရန်အတွက်သူကိုယ်တိုင်
အထူးပြုလုပ်ထားသော အလွန်သေးငယ်သည့် စက်ဘီးဖြင့် ၀င်ရောက်
စီးနင်းမည်ဖြစ်သည်။
ဗြိတိန်၏ အမြင့်ဆုံး ၁၀၁၆ပေ အမြင့်ရှိသော
ှ့Shardမျှော်စင်ကို ဖေဖော်ဝါရီလ ၁ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး
ထိုမျှော်စင်တွင် အိမ်သာများမှာလည်း မြို့ရှုခင်းများကို
ကြည့်ရှုခံစားနိုင်ကြောင်း သိရသည်။ ထိုလန်ဒန်မျှော်စင်သည် ၁၀၁၆ပေ မြင့်ပြီး
အထပ်ပေါင်း ၉၅လွှာပါရှိကာ မျှော်စင်အပေါ်မှပင် မိုင်လေးဆယ်အကွာမှရှုခင်းများကိုကြည့်ရှုနိုင်သည်။
နေမုန်တိုင်းများ ဖြစ်ပေါ်မှုကို အစဉ်မပြတ်
လေ့လာနေသည့် နာဆာမှ ပေးပို့သောပုံများအရ နေပေါက်ကွဲမှုမှာ ကမ္ဘာ့အချင်းထက်
အဆ၂၀ ပိုကြီးကြောင်း လေ့လာတွေ့ရှိရသည်။ ဒီဇင်ဘာလ ၃၁ရက်နေ့က ရိုက်ကူးထားသော
ပုံများအရ နေပတ်လည်မှာ လောင်ကျွမ်းနေသော မီးတောက်များနှင့်
သံလိုက်စက်ကွင်းများကို အသေးစိတ်တွေ့မြင်နိုင်သည်။
၁၀ပေခန့် ရှည်လျားသည့် ကမ္ဘာ့အကြီးဆုံး
ကင်းမွန်ငါးကြီးကို ဂျပန်နိုင်ငံ တောင်ပိုင်းမှ ၆၂၂မိုင် ကွာဝေးသော
ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အိုကာဆာဝါရာ ကျွန်းအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း
သိပ္ပံပညာရှင်များက ဂျပန်ပြည်တွင်း သတင်းတစ်ရပ်တွင် ပြောကြားသွားခဲ့သည်။
ကြီးမားသော အနက်ရောင် မျက်လုံးနှင့် ၁၀ပေခန့် ရှည်လျားသော ကင်းမွန်ငါးသည်
ပင်လယ် ရေမျက်နှာပြင်အောက် ၂၉၅၃ပေ အောက်၌ ကျင်လည် ကျက်စားလေ့ရှိပြီး
၎င်းကင်းမွန်ငါးကို ဖမ်းဆီးရမိရန် ဂျပန်သိပ္ပံပညာရှင်များက ရေငုပ်
သင်္ဘောငယ်များနှင့် အကြိမ်တစ်ရာကျော် (နာရီပေါင်း ၄၀၀ကျော်) ကြိုးစား
ဖမ်းယူခဲ့ကြောင်း သိရသည်။