Pages
▼
ယမုံနာမြစ်ကမ်း အနီးရှိ တာ့ဂ်ျမဟာ
အဆောက်အအုံကဲ့သို့ အနုပညာ လက်ရာမြောက်သည့် အိန္ဒိယနိုင်ငံ
အနောက်မြောက်ပိုင်း ရာဂျာပန်ပြည်နယ် အဘေနီရီ ကျေးရွာအနီးရှိ
ပေ၁၀၀ကျော်နက်သော နှစ်ပေါင်း ၁၂၀၀သက်တမ်းရှိ ရေတွင်းကို အိန္ဒိယနိုင်ငံသို့
လာရောက် လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များ နှစ်ခြိုက်လျက်ရှိကြောင်း သိရသည်။
ဟိန္ဒူအနုပညာ လက်ရာဖြစ်သော အဆိုပါရေတွင်းကြီးကို လွန်ခဲ့သည့်နှစ်ပေါင်း
၁၂၀၀ကျော်က ဆောက်လုပ်ခဲ့ပြီး လှေကားထစ်ကျော်ပေါင်း ၃၅၀၀ကျော်ပါရှိသည်။
အဆိုပါရေတွင်းသည် မြေအောက်စိမ့်ရေနှင့် ဆက်စပ်လျက်ရှိပြီး ၁၂လရာသီ
ရေမပြတ်ရရှိသည့်အပြင် ရေသည်အစဉ် အေးမြလျက်ရှိပြီး သေသပ်ကျနသော ရှေးခေတ်
ဗိသုကာလက်ရာများကိုလည်း တွေ့မြင်နိုင်သည်။
နှစ်စဉ်ဖေဖော်ဝါရီလတိုင်း
ကျင်းပပြုလုပ်လေ့ရှိသည့် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ပန်ဂျက်ပြည်နယ်
အရှေ့ပိုင်း ကီလာရွိုင်ပူဒေသရှိ အိန္ဒိယကျေးလက် အိုလံပစ်ပြိုင်ပွဲများကို
ဖေဖော်ဝါရီလ ၄ရက်နေ့မှ စတင်၍ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သတင်းများအရ
သိရသည်။
နှာခေါင်းမှ အမြီးဖျားအထိ လေးပေခန့်
ရှည်လျားသော အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ် ရီနိုမြို့မှ
ဂင်းနက်စ်စံချိန်ဝင် ကမ္ဘာ့အလျား အရှည်ဆုံးကြောင်သည် ဖေဖော်ဝါရီလ
၎ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ စတီဝီအမည်ရှိ ယင်းကြောင်သည်
၂၀၁၀ပြည့်နှစ် သြဂုတ်လတွင် ၄၈ဒသမ၅လက်မဖြင့် ကမ္ဘာ့အလျားအရှည်ဆုံး
ကြောင်အဖြစ် ဂင်းနက်စ် စံချိန်တင်ခဲ့သည်။စတီဝီကွယ်လွန်ချိန်တွင်
အသက်ရှစ်နှစ်ရှိပြီဖြစ်သည်။၎င်းကွယ်လွန်မှုနှင့် ပတ်သက်၍ အင်တာနက်
စာမျက်နှာတွင် ၀မ်းနည်းကြောင်း စာသားများနှင့် အထိမ်းအမှတ်
ပစ္စည်းများပေးပို့ခဲ့ကြောင်း ကြောင်ပိုင်ရှင်ဖြစ်သူ ရိုဘင်ဟန်ဒရစ်ဆွန်က
ပြောကြားသွားခဲ့သည်။