Pages
▼
အပြောင်းအလဲကို လက်မခံခြင်းဟု ဝေဖန်သူများလည်း ရှိသည်။ ရိုးရာဓလေ့ကို ခိုင်မာစွာ စောင့်ထိန်းခြင်းဟုချီးကျူးသူများလည်း ရှိသည်။ မည်သို့ပင်ဖြစ်စေ တရုတ်နိုင်ငံမှ တန်ကာလူမျိုးများကမူ ခေတ်သစ် လူနေမှုဘဝကို ငြင်းပယ်ကာ ပင်လယ်ပျော် ဂျစ်ပ်စီများအဖြစ် ဆက်လက် ခံယူနေထိုင်ဆဲပင်။
တန်ကာမျိုးနွယ်
(၇၀၀၀)မျှသည် မြေပေါ်တွင် မနေဘဲ ရေထဲတွင်သာ သီးခြား လူ့အဖွဲ့အစည်း တစ်ခုအဖြစ်
စုရုံးနေထိုင်ကြသည်။ တရုတ်နိုင်ငံ၏ ရှေးကျသည့် တံငါမိသားစုများမှ ဆင်းသက်လာသည့် တန်ကာတို့သည် ရေပေါ်တွင်ဖောင်ဖွဲ့ ဆောက်လုပ်ထားသည့်အိမ်များပေါ်တွင် နေထိုင်ကာ
ရေသတ္တဝါများကို ပင်လယ်ထဲတွင်ခြံခတ်မွေးမြူပြီး စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းကြသည်။