(၁) မှ (၂၅) အထိ တင်ပြပေးချင်ပါသည်။ အခုဒီစာရင်းသည် ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာလှည့်
ခရီးသွားများ၏ အမှတ်ပေး စစ်တမ်းကောက်ယူထားသော စာရင်းပါ။ ထိုသို့စာရင်းကောက်ယူ
အမှတ်ပေးမှုကို Tripadvisor.com ၀က်ဆိုက်မှ နှစ်စဉ်တင်ပြပေးလေ့ရှိပြီး ထိုစာရင်းကို
ကမ္ဘာတစ်ဝန်းမှ ကမ္ဘာလှည့်ခရီးသည်များ နှင့် သတင်းဌာနများမှလည်း အလေးဂရုပြု၊
အသိအမှတ်ပြုလေ့ရှိကြပါသည်။ယခုနှစ် ကမ္ဘာ့အကောင်းဆုံးကမ်းခြေစာရင်းတွင်
မြန်မာနိုင်ငံမှ ငပလီကမ်းခြေပါဝင်လာပြီး အဆင့် (၈) သတ်မှတ်ခံရပါသည်။ Top Ten အတွင်း
သို့ အာရှမှ ငပလီကမ်းခြေနှင့် ဖိလစ်ပိုင်ကမ်းခြေ (အဆင့် ၁၀ ) တို့သာ ပါဝင်ပါသည်။
(၁) မှ (၂၅ ) အထိ ကြည့်လိုက်ကြရအောင်နော်…
(၁) Grace Bay – Providenciales ,Turks and Caicos

Turks and Caicos မှ Grace Bay ကမ်းခြေသည် နံပါတ် ၁ သတ်မှတ်ခံရသလို
ကမ္ဘာကျော်ပင်လယ်ကမ်းခြေတစ်ခုဖြစ်ပါသည်။ ကြည်လင်ပြီး သန့်ရှင်းတဲ့ ရေများနှင့်
ပြည့်စုံသလို ဒီကမ်းခြေ၏ အခြာအားသာချက်တစ်ခုမှာ သကြားကဲ့သို့ အဖြူရောင် သဲသောင်ပြင်
တည်ရှိပါသည်။
(၂) Baia de Sancho - Brazil

ဘရာဇီးနိုင်ငံမှ လှပသော ကမ္ဘာကျော် ကမ်းခြေတစ်ခုပါ။