Pages

Saturday, June 18, 2016

ဂြိုဟ်သားတွေရဲ့ UFO ယာဉ်ကြီးကို ဖွက်ထားတယ်လို့ထင်ရတဲ့ တိမ်တိုက်ကြီးထွက်ပေါ်လာ

http://i.imgsafe.org/594c9d0a35.jpg
UFO တွေကို အရူးအမူးလေ့လာနေသူတစ်ယောက်ကတော့ UFO ယာဉ်ကြီးတစ်စင်းကို ဝှက်ထားတယ်လို့ ထင်ရတဲ့ တိမ်တိုက်ကြီးတစ်ခုကို  အမှတ်မထင်ဓာတ်ပုံရိုက်ကူးမိခဲ့တယ်လို့ သိရပါတယ်။ ဒီတိမ်တိုက်ကြီးဟာ ပန်းကန်ပြားပျံယာဉ်ကြီးတစ်စင်းကို ကွယ်ဝှက်ထားတယ်လို့ သူက ပြောခဲ့ပြီး
မေလ ၁၂ ရက်နေ့က ဒီပုံတွေကို ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စကော့ဝဲရင်းလို့အမည်ရတဲ့ သူဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ အခုလိုမျိုး
ကြီးမားပြီးထူးဆန်းတဲ့ ပန်းကန်ပြားပျံယာဉ်ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
http://i.imgsafe.org/594c9a2f15.jpg

မိချောင်းလောက်ရှိတဲ့ဖွတ် အိမ်ပေါ်ရောက်လာ

http://i.imgsafe.org/5937a50d27.jpg
ထိုင်းနိုင်ငံ နန်သာဘူရီမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိမ်ပြန်ရောက်တဲ့အချိန် တံခါးဝမှာ မြင်လိုက်ရတဲ့ သတ္တဝါကြီးတစ်ကောင်ကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့ရပါတယ်။ မိချောင်းအငယ်စား အရွယ်လောက်ရှိတဲ့ ဖွတ်တစ်ကောင်ဟာ သူ့ရဲ့ အိမ်တံခါးဝမှာ ရောက်နေခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အယူအဆရ အိမ်ပေါ်ကို ဖွတ်ရောက်လာတာဟာ ကံကောင်းခြင်းတွေယူလာတယ်လို့ အယူရှိတဲ့အတွက်ဒါဟာ အိမ်ရှင်အမျိုးသားအတွက် ပြဿနာတော့ မဟုတ်ခဲ့ပါဘူး။ တကယ့်ပြဿနာက ဖွတ်ဟာ ကြီးလွန်းတဲ့အတွက် မောင်းထုတ်ရခက်နေခဲ့တာဖြစ်ပါတယ်။
ထိုင်ယမ်ဝေါင်လို့ အမည်ရတဲ့ အဆိုပါအမျိုးသားက အိမ်ပေါ်ကို လူအရပ်လောက်ရှိတဲ့ ဖွတ်ရောက်လာတဲ့အကြောင်းကို ဓာတ်ပုံနဲ့ ဗီဒီယိုတွေတင်ပြီး ဖေ့စ်ဘွတ်မှာ ဝေမျှခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ထဲက စကားသံတွေအရ အကြွေစေ့နဲ့ ပေါက်လိုက်မယ်ဆိုရင် သွားလိမ့်မယ်လို့ မှတ်ချက်ပေးနေကြတာ ကြားရပါတယ်။
Source :  Mashable
Credit : Duwun .com .mm

ကမ္ဘာ့ အကျဉ်းဆုံးအိမ်

ကမ္ဘာ့ အကျဉ်းဆုံးအိမ်ကို ပိုင်တာကတော့ Edgar Keret ပါ။

ပိုလန်နိုင်ငံ ၊ ၀ါဆောမြို့ မှာ အထပ်မြင့် အဆောက်အဦး ၂ ခုရဲ့ ကြားမှာ

တည်ရှိတဲ့ ဒီအိမ်လေးရဲ့ အကျယ်ကတော့အကျဉ်းဆုံးနေရာတွင် 92 centimetres (3.02 ပေ )

ရှိပြီး အကျယ်ဆုံးနေရာတွင် 152 centimetres (4.99 ပေ )  ရှိပါသည်။
http://i.imgsafe.org/590d467ecd.jpg
သံဘောင်များနှင့် တည်ဆောက်ထားပြီး အထပ်နှစ်ထပ်ရှိပါသည်။

အိပ်ခန်းတစ်ခန်း၊ ချက်ပြုတ်ခန်း ၊ သန့်စင်ခန်း နှင့် လူအပန်းဖြေနေထိုင်သည့်နေရာ များကိုပါ

ထည့်သွင်း နေရာပေးတည်ဆောက်ထားပါသည်။၂၀၁၂ ခုနှစ်တွင် တည်ဆောက်ခဲ့ပါသည်။
http://i.imgsafe.org/590d86691e.jpg
မူလအတိုင်းတည်ရှိမှု ပုံပါ...တိုက်နှစ်တိုက်ကြား ယခင်က အမှိုက်ပစ်ရာနေရာပါ

အရာအားလုံးကို ပြောင်းပြန်ကြည့်မှ အတည့်မြင်ရသူ အမျိုးသမီး

http://i.imgsafe.org/580bd65c38.jpg
ဆားဘီးယားနိုင်ငံမှ Bojana Danilovic ဆိုသူအမျိုးသမီးတစ်ယောက်သည် အရာဝတ္ထုများကို
ပြောင်းပြန်အနေအထား ဖြင့်သာ မြင်နိုင်ခဲ့ပါသည်။သူမ၏ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတစ်ခုကြောင့်
ထိုကဲ့သို့ အဆန်းတကြယ် အဖြစ်ကို ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါသည်။
http://i.imgsafe.org/58195a7578.jpg
Bojana Danilovic သည် Spatial orien-tation phenomenon ဟုခေါ်သော ဦးနှောက်ပိုင်း ဆိုင်ရာရောဂါ ခံစားနေရကြောင်း အမေရိကန် ပြည်ထောင်စုရှိ ဟားဗက် တက္ကသိုလ်နှင့် မက်ဆာချူးဆက် ပြည်နယ် နည်းပညာ တက္ကသိုလ်မှ အာရုံကြောဆိုင်ရာ ကျွမ်းကျင်ပညာရှင် များက ပြောကြားသည်။
သူမ၏ မျက်လုံးသည် ပုံရိပ်များကို အတည့်အတိုင်း မြင်ရသော်လည်း ၎င်း၏ ဦးနှောက်က ပုံရိပ်များကို ပြောင်းပြန် အနေအထား မြင်ရအောင် ပြောင်းလဲပေးကြောင်း အာရုံကြော ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ က ပြောကြားသည်။