Pages

Thursday, June 23, 2016

ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၁ )

အသက်ရှင်ခွင့်ကို ငြင်းပယ်ခဲ့သည့် သူခိုး
http://i.imgsafe.org/c238d47e32.jpg
ကျွန်တော်တို့ ၏ ဘဝဇာတ်ခုံ ကြီးပေါ်တွင် သမိုင်းအဆက်ဆက် ဖြတ်သန်းနေထိုင်ခဲ့ကြသော
လူသားများ၏အဖြစ်အပျက်များစွာ ထဲမှ ဖြစ်ရပ်ဆန်း ၊ လုပ်ရပ်ဆန်းများ များစွာရှိခဲ့ကြပါသည်။
ထိုအထဲမှ နားလည်ရခက်တဲ့ အဖြစ်အပျက်အချို့  ကို တင်ပြချင်ပါသည်။

( ၁၂၃၄ ) ခုနှစ်က ပြင်သစ်နိုင်ငံ ဟော့တ်ဗီလီယား တွင် ဂျင်းပိုကီယွန် ဆိုသူသည် သူခိုးအဖြစ်
နာမည်ကြီးသူတစ်ယောက်ပါ။ အမြဲတန်း ခိုးဝှတ်တက်သော သူ့ အား ထိုခေတ်က ဥပဒေ အရ
သေဒဏ်ပေးခဲ့ပါသည်။ခိုးတဲ့အပြစ်အတွက်နဲ့သေဒဏ်ဆိုတော့ ကြောက်စရာပဲနော်။
အဲဒီအချိန်လောက်က ဒီဒေသတွေမှာ သူခိုးတွေ နှင့် စုန်းဟု စွပ်စွဲ ခံရသူတွေဟာ သေဒဏ်ပေးခံရ
တာများပါသည်။
ဒါပေမယ့် ဂျင်း အတွက်ကံကောင်းစေမှု တစ်ခုရှိပါတယ်။ ဒါကတော့ တကယ်လို့ အပျိုစင်တစ်
ယောက်ကသာ ဂျင်းကိုလိုလားနှစ်သက်ပြီး လက်ထပ်မယ်ဆိုလျှင် သေခြင်းမှလွတ်ကင်းရစေ
မယ်လို့ သက်ညှာပေးခဲ့ကြပါသည်။
ထိုအချိန်တွင် ရိုးသားပြီး သာမန်ရွက်ကြမ်းရေကြို ရုပ်ရည် ရှိသည့် မိဘမဲ့အမျိုးသမီးတစ်ယောက်က
သူယူပါမယ်ဟု ဆိုလာပါသည်။ဂျင်းအတွက်ကံကောင်းမှု တစ်ခု ဖြစ်ပေါ်လာပါပြီ။

မှတ်ဖွယ်စုံရာ သုတပဒေသာ (၇)


http://i.imgsafe.org/c22105fde4.jpg

၁။ အာဖရိကဆင် (African elephant) တွေကိုမည်သူမျှကျွမ်းကျင်
    ပိုင်နိုင်စွာမကိုင်တွယ်နိုင်ပါဘူး။ အိန္ဒိယဆင်(Indian elephant)
    တွေကိုသာ သင်ကြားထိန်းသိမ်းနိုင်ကြပါတယ်။

http://i.imgsafe.org/c220dd2401.jpg
၂။ လဟာ ဂိုဘီသဲကန္တာရ (Gobi Desert) ထက် အဆပေါင်း ၁ မီလီယံ
    ဆပိုပြီးခြောက်သွေ့ ပါတယ်။

ဂျပန်နိုင်ငံ ရှင်တိုဘာသာဝင်များ၏ ထူးထူးခြားခြားဘာသာရေးပွဲတော်

ရှင်တိုဘာသာသည် ဂျပန်နိုင်ငံသို့ ဗုဒ္ဓဘာသာနှင့် ကွန်ဖူးရှပ် ဘာသာတို့ရောက်ရှိမလာမီ ကပင် သဘာဝ
တရားဓမ္မနှင့် ထာဝရ ဘုရားတို့ကို ကိုးကွယ်သော ဘာသာဖြစ်သည် ။ ကာမီနိုမီကျီ ဟာ၍ လည်းကောင်း
လောကုတ္တရာလမ်းဟူ၍ လည်းကောင်း ခေါ်သည့် ရှင်တိုဘာသာသည် ရှေးခေတ် ဂျပန်တို့၏ ဘာသာတရား တစ်ခုဖြစ်သည် ။
http://i.imgsafe.org/c21296e365.jpg
ထိုရှင်တိုဘာသာဝင်များ၏ ဘာသာရေးအခမ်းအနားတစ်ခု မှာအေးမြလှသော
ရာသီဥတု ရှိသည့်အချိန်တွင် ရေထဲဆင်းပြီး ရေခဲတုံးကြီးများကို အားရပါးရ ဖက်ထားကြလေ့ရှိပါသည်။
http://i.imgsafe.org/c21290e99c.jpg
ပွဲတော်ကျင်းပချိန်ရောက်တိုင်း ရှင်တိုဘာသာဝင် ၁၀၀ ကျော်လောက်သည် တိုကျိုမြို့
ရှိ ဘုရားကျောင်းတစ်ခု တွင် ရေထဲဆင်း၍ ရေခဲတုံးများကို ဖက်ထားလေ့ရှိကြပါသည်။