Pages

Saturday, October 1, 2016

အမှတ်တမဲ့ အလွဲများ ( ၆၆ )

ဒီတစ်ပတ်အတွက် အပန်းဖြေစရာ ပုံလေးတွေကို ထပ်မံစုစည်းတင်ပေးလိုက်ပါတယ်။
ကြည့်လိုက်ကြပါအုံးနော်...
ဒီပုံလောက်တော့ အေးအေးဆေးဆေးပါ...( တော်လိုက်တာနော်)
http://i1183.photobucket.com/albums/x474/konay1/funny/FB_IMG_1467488487062.jpg

အံမာ။အဖမ်းခံရတာတောင် ပြုံးပြုံးကြီး...
http://i1183.photobucket.com/albums/x474/konay1/funny/cops_16.jpg

သခင်ပြန်လာခေါ်တာကို တနှစ်ကျော်စောင့်နေတဲ့ ခွေး ကားတိုက်သေဆုံး

သခင် ကို တစ်နှစ်ကျော်အောင် စောင့်နေခဲ့သည့် ခွေးကလေး ကားတိုက်ခံရ၍ သေဆုံး
အွန်းလိုင်း ဆိုရှယ်မီဒီယာ တွေပေါ်တွင် နာမည်ကြီးနေသော ထိုင်းနိုင်ငံမှ
သနားစရာ ခွေးကလေးတစ်ကောင်အကြောင်း နေခရမ်း တင်ပေးခဲ့တာ
မကြာသေးပါဘူး။ ယခုရက်ပိုင်းအတွင်းမှာပဲ ထိုသနားစရာကောင်းလှတဲ့
ခွေးကလေး သတင်းထပ်ရသဖြင့် စိတ်မကောင်းစွာ ထပ်တင်ပေးလိုက်ပါတယ်။
http://i1183.photobucket.com/albums/x474/konay1/general/FB_IMG_1475236976154.jpg
လူအများက ကျောက်လုံ ဟုအမည်ပေးထားသော ခွေးမကလေးသည်
ထိုင်နိုင်ငံ၏ ချန်ထဘူရီ (Chanthaburi) အဝေးပြေးလမ်းမဘေးမှာ သူ၏
သခင်များကို နေ့စဉ်နေ့တိုင်း လှမ်းမျှော်ကာ စောင့်နေတတ်ပါသည်။
ကားတစ်စီးစီးမှ ထွက်ကျကျန်နေခဲ့တာလား။ ဒါမှမဟုတ် တမင်ပင်
စွန့်ပစ်ထားခဲ့တာလား မသိရပေမယ့် ခွေးကလေးကတော့ နေ့တိုင်း
လမ်းမဘေးမှာ ထိုင်နေကာ သခင်ပြန်လာခေါ်အောင် စောင့်နေတတ်ပါသည်။