Pages

Tuesday, October 25, 2016

ဘီယာသစ်တော

အသုံးပြုပြီးသား ဘီယာပုလင်းများကို စုဆောင်းပြီး ပြုလုပ်ထားသော
နေရာလေးပါ။ တရုတ်နိုင်ငံ အရှေ့ပိုင်း Shandong ပြည်နယ်ရှိ Qingdao
ပင်လယ်ကမ်းခြေတွင် ထိုကဲ့သို့ ဖန်တီးပြုလုပ်ထားခြင်းဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%206/FB_IMG_1476643278663.jpg
ပုလပ်စတစ်ဘီယာပုလင်းအလွတ် ၃၀ ၀၀၀ ကျော်ကို ၁၀ မီတာ
အမြင့်ရှိ တိုင်များတွင် အစီအရီ စိုက်သွင်းထားပြီး သစ်တောအုပ်
တစ်ခုကဲ့သို့ ဖန်တီးထားခြင်း ဖြစ်ပါသည်။
http://i1183.photobucket.com/albums/x474/konay1/general%206/FB_IMG_1476193445100.jpg
နေ့ပိုင်းမှာထက် ညပိုင်းတွင် မီးများထွန်းထားသဖြင့် အမြင်ဆန်း
လှပသော နေရာ တစ်နေရာ အဖြစ် တွေ့မြင်ရမှာပါ။

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၃)

စိတ်ကူးဆန်းသစ်မှု နှင့် ပန်းချီးပညာ ပေါင်းစပ်ဖန်တီးထားတဲ့ ပုံလေးတွေကို
တင်ပေးချင်ပါသည်။ Fabrizio Corneli ဆိုသည့် ပညာရှင်တစ်ယောက်၏
ဖန်တီးမှုတွေပါ။ ကြည့်လိုက်ကြပါအုံးနော်...

Fabrizio Corneli 















 

ထူးခြားဆန်းသစ်သော အရိပ်ပန်းချီများ ( ၂ )

စိတ်ကူးဆန်းသစ်မှု နှင့် ပန်းချီးပညာ ပေါင်းစပ်ဖန်တီးထားတဲ့ ပုံလေးတွေကို
တင်ပေးချင်ပါသည်။ Fabrizio Corneli ဆိုသည့် ပညာရှင်တစ်ယောက်၏
ဖန်တီးမှုတွေပါ။ ကြည့်လိုက်ကြပါအုံးနော်...














ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ ( ၁၀ )

“ရောမ အင်ပါယာကို ရောင်းစားခြင်း”
******************************
ဒီတစ်ပတ် သူငယ်ချင်းတို့ ကိုတင်ပြချင်တာက
ကမ္ဘာ့ သမိုင်းမှာတိုင်းပြည်ကို အမှန်တကယ်ရောင်းစားခဲ့တဲ့
အကြောင်းပါ။တကယ်ကို တိုင်းပြည်ကြီး အင်ပါယာကြီးတစ်ခု
လုံးကို ငွေကြေးနဲ့တန်ဖိုးဖြတ် ရောင်းခဲ့တဲ့အဖြစ်ပါ။
အေဒီ ၁၉၃ ခု ရောမနိုင်ငံတော်ကြီးမှာ ပါတီနက် ( Pertinax )
သေဆုံးပြီးနောက် တန်ခိုးသြဇာကြီးလှသော ပရေတိုရီးယန်းဂဒ်
က ရောမကမ္ဘာကြီးကို လေလံတင်ရောင်း ချဖို့ အဆိုပြုတင်ပြခဲ့
ပါတယ်။ဒါကြောင့်လည်း အလွန်ကိုချမ်းသာလှတဲ့ ရောမကုန်သည်
ကြီး ဒီဒီးယပ်စ် ဆဲလ်ဗီးယပ်စ်ဂျူလီယားနပ်စ်မားကကပ်စ် က
အခြားသူတွေထက် ဈေးပိုပေးပြီးဝယ်လိုက်ပါတယ်။
တန်ကြေးက ဒေါ်လာငါးသန်းဖိုးနဲ့ ညီမျှတဲ့ရွှေတွေ ပေးပြီး ဝယ်ခဲ့တာ
ပါ။အေဒီ ၁၉၃ ခု မတ်လ ၂၈ ရက်နေ့ မှာပါ။
ရောမဆီးနိတ်လွှတ်တော်ကလည်း ဒီဒီးယပ်စ် ရဲ့သြဇာကိုနာခံပါ့မည်ဟု
ဂတိသစ္စာပြုခဲ့ကြပါတယ်။
ဘာပဲပြောပြော ဒီဒီးယပ်စ် တစ်ယောက်ကတော့ ရေမအင်ပါယာ၏
အယောက်နှစ်ဆယ်မြောက် ဘုရင် ဖြစ်သွားခဲ့ပါသည်။
ဒါပေမယ့် သူ့ရဲ့နန်းသက်ကတော့ သိပ်မရှည်ခဲ့ပါဘူး။