Pages

Friday, December 2, 2016

စိမ်းလန်းသော သစ်ပင်များဖုံးအုပ်ထားသော ကမ္ဘာ့ပထမဆုံး အထပ်မြင့်အဆောက်အဦ

ဆွစ်ဇာလန်နိုင်င ၊ Lausanne ရှိ ထိုအဆောက်အဦကို စိမ်းလန်းသော
သစ်ပင်များဖုံးအုပ်ထားသော ကမ္ဘာ့ပထမဆုံး အထပ်မြင့်အဆောက်အဦ
အဖြစ် သတ်မှတ်ခဲ့ကြပါသည်။အီတလီလူမျိုး ဗိသုကာပညာရှင်
Stefano Boeri ဆိုသူ၏ ဒီဇိုင်း စိတ်ကူးဖြင့် တည်ဆောက်ထားခြင်း
ဖြစ်ပြီး စုစုပေါင်းအမြင့် ၁၁၇ မီတာ( ၃၈၄ ပေ ) ရှိပါသည်။

အနုစိတ် လက်ရာမြောက်လှသော ခဲသားပန်းပုရုပ်ကလေးများ

ရုရှနိုင်ငံမှ Salavat Fidai ဆိုသူပညာရှင်တစ်ယောက်သည်
အလွန်သေးငယ်သော ရုပ်တုလေးများ ၊ ရုပ်ပုံလေးများ ရေးဆွဲ
ထွင်းထုရတာကို အလွန်ဝါသနာပါပါသည်။ယခုတင်ပြမှာကတော့
သူအနုစိတ်နိုင်စွာ စိတ်ရှည်ရှည်ဖြင့် ဖန်တီးထားသော ခဲတံအတွင်းမှ
ခဲသားအပေါ်တွင် ဖန်တီးပြုလုပ်ထားသည့် ခဲသားပန်းပုရုပ်
သေးသေးလေးများအကြောင်းပါ။ သူဖန်တီးထားသည့် ရုပ်တုလေး
များကို အပြင်မှာ ကြည့်လျှင် မှန်ဘီလူးသုံးပြီးကြည့်မှ သူ၏
လက်ရာမြောက် ဖန်တီးထားမှုများကို ထင်ရှာစွာ တွေ့မြင်ရမှာပါ။
အခြားသူဖန်တီးထားသည့် သေးငယ်လွန်းသည့် ပန်းချီပုံလေးများ
အကြောင်းကို နောက်မှ ထပ်မံတင်ပြပေးပါမည်။