Pages

Thursday, March 2, 2017

အရောင်စုံလှပသော ရေခဲတောင်များ

ပင်လယ်သမုဒ္ဒရာများထဲမှာ သဘာဝအတိုင်းမျောပါနေတဲ့ တစ်ချို့သော အရောင်စုံ ၊ ပုံစံမျိုးစုံ ရေခဲတောင်ပုံတွေကို စုစည်းတင်ပေးလိုက်ပါတယ်…

ဂရန့်ကင်ညွန်ချောက်ကမ်းပါးကြီး

Grand Canyon ချောက်ကမ်းပါးကြီး သည် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင်
တည်ရှိပြီး ကော်လိုရာဒိုမြစ်၏ ဖြတ်သန်းစီးဆင်းပြီး ရေတိုက်စားမှုကြောင့်ဖြစ်ပေါ်
လာတာပါ။ CNN မှပြုစုသော သဘာဝကမ္ဘာ့အံ့ဖွယ်ထဲမှာ တစ်ခုအပါအ၀င်ပါ။
သဘာဝကမ္ဘာ့အံ့ဖွယ် ဆိုတဲ့အတိုင်းပဲ သဘာဝအတိုင်းရေတိုက်စားမှုကြောင့်
မြင့်မားတဲ့ချောက်ကမ်းပါးတွေကို တွေ့မြင်ရပါတယ်။

ဒီချောက်ကမ်းပါးကြီးဟာ 277 မိုင် (446 km) ရှည်လျားပြီး 18 မိုင် (29 km)အထိ
ကျယ်ပါတယ်။ ဒီချောက်ကမ်းပါး၏ အမြင့်ဆုံးအပိုင်းက 6,000 ပေ or 1,800 metres
ပေအထိနက်ပါတယ်။ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက ဖြစ်တည်လာတဲ့
ဒီနေရာဒေသမှာ မူလက ဋ္ဌာနေအမေရိကန်တိုင်းရင်းသားများသာ သိရှိနေထိုင်ခဲ့ကြ
ပါတယ်။ ဥရောပမှ အစောဆုံးသိရှိရောက်ရှိလာသူကတော့ စပိန်လူမျိုး
García López de Cárdenas ဖြစ်ပြီး ၁၅၄၀ တွင်ရောက်ရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၏ ၁၅ ခုမြောက် အမျိုးသားသဘာဝဥယျာဉ်အဖြစ် သတ်မှတ်ထားခဲ့
ပါတယ်။

မြေထဲပင်လယ်အောက်မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော မြို့ဟောင်းကြီး

မြေထဲပင်လယ်ဒေသ အီဂျစ်ကမ်းလွန် အဘိုကာပင်လယ်အော် အနီးတွင် ရှေးဒဏ္ဍာရီထဲမှ Heracleion
မြို့ဟောင်းကြီးကို ၂၀၀၁ ခုနှစ်လောက်က ပြန်လည်၍ ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထို့မြို့ဟောင်းကြီးသည်
ရေအောက်သို့ နစ်မြှုပ်ပျောက်ကွယ်နေသည် နှစ်ပေါင်း ၁၂၀၀ ကျော်နေပါပြီ။

ယခင်က ဒဏ္ဍာရီထဲမှ မြို့တော်ကြီးအဖြစ် လူအများက ထင်မှတ်ထားကြပြီး နှစ်ပေါင်းများစွာ
ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြပါ။ ဒဏ္ဍာရီထဲတွင် ရှေးခေတ်ဂရိများ၏ ဆိပ်ကမ်းမြို့တော်ဟု လူသိများပြီး ဥရောပရေအောက် ဗိသုကာပညာရှင်များအဖွဲ့မှ စတင်တွေ့ရှိခဲ့ကြခြင်း ဖြစ်ပါသည်။

ဒေါက်တာဖရန့်ဂေါ်ဒီယို ဦးဆောင်သောအဖွဲ့သည် ဆယ်စုနှစ်ရှည်ကြာအောင် ထိုမြို့ပျက်ဟောင်းကို
ရှာဖွေခဲ့ကြရခြင်း ဖြစ်ပါသည်။

စိတ်ကူးဆန်းသည့် ပေါင်းစပ် ကာတွန်းပုံလေးများ (၉)

ပြင်ပမှ အရာဝတ္ထုများနှင့် ပန်းချီကာတွန်ပုံလေးများကို
ပေါင်းစပ်ရေးဆွထြားတဲ့ ပုံလေးများကို ထပ်မံတင်ပြပါအုံးမယ်။
ယခုပုံလေးများကိုတော့ အာမေးနီးယား အနုပညာရှင် Edgar မှ
စိတ်ကူး တင်ထွင် ဖန်တီးထားတာပါ။ သူကတော့ သတို့သမီးဝတ်စုံ
လိုမျိုး အမျိုးသမီးများရဲ့ ပွဲတက်ဝတ်စုံပုံစံများကို စိတ်ကူးဖြင့်
ဖန်တီးပြထားတာပါ။သူရဲ့တစ်မူထူးတဲ့ ပေါင်းစပ်ပန်းချီပုံလေးများကို
ကြည့်လိုက်ရအောင်ဗျာ…