သေးငယ်တဲ့ ခဲတံခဲသားများပေါ်မှာ အနုစိတ်လက်ရာမြောက် ပန်းပုရုပ်ကလေးများအကြောင်း ယခင်းက တင်းပေးဖူးပါတယ်။ ယခုလည်း ထိုင်ဝမ်အနုပညာရှင် Chien Chu Lee ရဲ့ အနုစိတ် လက်ရာမြောက် ပန်းပုလေးများကို စုစည်း တင်ပေးလိုက်ပါတယ်။ သူရဲ့ ပန်းပုရုပ်လေးများကို အပြင်မှာ ကောင်းကောင်းကြည့်လိုရင် မှန်ဘီလူးတစ်လက်တော့ လိုပါတယ်။
Pages
▼
Saturday, September 9, 2017
ကိုယ်ပျောက်လူသား (သို့) Spot thS Man (၃)
ယခင်ကလည်း ဒီအနုပညာရှင်ရဲ့ ပုံများကို တင်ပေးဖူးပါတယ်။ ယခုလည်း တရုတ် Body Art ပညာရှင် Lui Bolin ရဲ့ လက်ရာမြောက်သေသပ်တဲ့ ပုံများကို ထပ်မံတင်ပေးလိုက်ပါတယ်။ သူရဲ့ ထူးခြားသေသပ်တဲ့ Body Art ပညာကြောင့် အများက ကိုယ်ပျောက်လူသား ဟု တင်ပွန်းတပ်ခဲ့ကြပါတယ်။ ယခင်က သူရဲ့ပုံများကို Photoshop ဖြင့် ပြင်ထားတာဟု အငြင်းပွားခဲ့ကြပြီး နောက်ပိုင်း Video ဖိုင်များဖြင့် တင်ပြပြတော့မှ အံ့သြချီးကျူးခဲ့ကြပါတယ်။ သူရဲ့ ဖန်တီးမှုများဟာ သူ့ကိုယ်သူ ဆေးခြယ်ပြီး ပြသခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဂျပန်နိုင်ငံ မှ ယုန်ကျွန်း
ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ ကြောင်ကျွန်းအကြောင်းတော့ ယခင်ကတင်ပေးဖူးပါတယ်။ ယခုလည်း ကျွန်းတစ်ခုလုံးနီးပါး ယုန်များမင်းမူနေသော Ohkunoshima ဆိုတဲ့ ယုန်ကျွန်းအကြောင်း ထပ်မံတင်ပေးလိုက်ပါတယ်။