Pages

Monday, October 23, 2017

ကြီးမားလှသော QR CODE ကြီး


တရုတ်နိုင်ငံမြောက်ပိုင်း Hebei ပြည်နယ် ၊ Baoding မြို့ရှိ Xilinshui ရွာငယ်လေးတွင် ကောင်းကင်မှ ကြည့်လျှင် ထင်ရှားစွာတွေ့မြင်နိုင်မည့် QR Code ပုံစံ စိုက်ခင်းကြီးကို ပြုလုပ်ထားပါသည်။
အရှည်အားဖြင့် ၂၂၇ မီတာ ရှိပြီး သစ်ပင်ပေါင်း ၁၃၀၀၀၀ ကျော်ဖြင့် စိုက်ပျိုးပြုလုပ်ထားသည့် ထို QR Code ပုံကြီးသည် ကောင်းကင်မှ Scan ဖတ်ကာ တရားဝင်ဒေသတွင်း ခရီးသွား WeChat အကောင့်နှင့် ဆက်သွယ်နိုင်ပါသည်။ ထိုအကောင့်တွင် ဒေသတွင်း ခရီးသွားများအတွက် လိုအပ်သော သတင်းအချက်အလက်များကို အကူအညီ ရယူနိုင်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

လေယာဉ်အများစုက ဘာလို့ အဖြူရောင်ဖြစ်နေကြတာလဲ


လေယာဉ်အများစုက ဘာလို့ အဖြူရောင်ဖြစ်နေကြတာလဲ ဘာလို့ လေယာဉ်အများစုက အဖြူရောင်ဖြစ်နေကြတာလဲ၊ တကယ်တော့ အဖြူရောင်ဟာ သူတို့ရဲ့ မူလအရောင်မဟုတ်ပါဘူးတဲ့။ ဒီလို အဖြူရောင်ဖြစ်နေဖို့အတွက် လေယာဉ်ကုမ္ပဏီတွေဟာ လေယာဉ်တစ်စင်းကို ဆေး ၆၅ ဂါလန်လောက်သုံးပြီး သုတ်ကြရတာဖြစ်ပါတယ်။ ကဲ! ဘာလို့ ဒီလို သုတ်ကြရပါသလဲ။

လေယာဉ်တွေကို အဖြူရောင် ဒါမှမဟုတ် အရောင်ဖျော့ဖျော့သုတ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ နေရောင်ကို အလင်းပြန်စေဖို့ပါ။ ပြီးတော့ နေရောင်ခြည်က လာတဲ့ အပူဓာတ်နဲ့ Solar Radiation ကြောင့်ဖြစ်နိုင်ဖွယ်ရှိတဲ့ ပျက်စီးမှုတွေကို နည်းအောင်လို့လည်း ဖြစ်ပါတယ်။ ဘာနဲ့ အခြေခံအားဖြင့်တူလဲဆိုရင် ကျွန်တော်တို့ နေရောင်ထဲ ထွက်တဲ့အခါ Sunblock တို့၊ Suncream တို့ လိမ်းတာနဲ့ အလားတူပါတယ်။

ဥပမာပြောရရင် နေသာတဲ့နေ့မှာ အမည်းရောင်လို အရောင်ရင့်ရင့်ဝတ်သွားမိရင် အဖြူရောင်ဝတ်တဲ့နေ့ထက် ပိုပြီး ပူတာကို ခံစားရသလိုပေါ့။ လေယာဉ်ကို အပူလျော့နည်းအောင် ပြုလုပ်ထားတာဟာ လေယာဉ်ကိုအေးမြစေဖို့ ကုန်ကျတဲ့ စရိတ်ကို လျော့ချနိုင်တာနဲ့အတူတူပါပဲ။ ဒါပေမယ့် ဒီလိုအဖြူသုတ်တာဟာ ငွေကုန်သက်သာအောင်လုပ်တာ တစ်ခုတည်းရယ်မဟုတ်ပါဘူး။

နယူးဇီလန်မှ ပေ ၂၀ အရှည်ရှိ ကမ္ဘာ့အကြီးဆုံးစန္ဒယား


နယူးဇီလန်နိုင်ငံ ကန်တာဘူရီတောင်ပိုင်းရှိ တီမာရူမြို့တွင် နေထိုင်တဲ့ စန္ဒယားတည်ဆောက်သူ အန်ဒရီမန်း တည်ဆောက်ထားတဲ့ ၆ မီတာ (ပေ ၂၀ ခန့်) အရှည်ရှိ စန္ဒယားကြီးဟာ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်တဲ့အရာတစ်ခု ဖြစ်နေပါတယ်။

ဒီစန္ဒယားကြီးကို တည်ဆောက်ခဲ့သူ အန်ဒရီမန်းဟာ ကျောင်းသားဘဝကတည်းက စန္ဒယားတည်ဆောက်ရာမှာ ဝါသနာကြီးသူတစ်ယောက်ဖြစ်ပြီး အရွယ်ရောက်လာတော့လည်း စန္ဒယား တည်ဆောက်သူအဖြစ်ပဲ အသက်မွေးခဲ့တာ ဖြစ်ပါတယ်။

အလုပ်လုပ်နေစဉ်အတွင်းမှာပဲ အန်ဒရီ ဟာ ဒီစန္ဒယားကို တည်ဆောက်ခဲ့ပြီး အလေးချိန် တစ်တန်ကျော်ရှိကာ သာမန်စန္ဒယားများထက် အသံထွက်အားကောင်းတဲ့ စန္ဒယား ဖြစ်ပါတယ်။

စင်္ကာပူသိပ္ပံပညာရှင်များ ဒူးရင်းသီးရဲ့အနံ့စူးရခြင်း အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့


စင်္ကာပူနိုင်ငံမှ လေ့လာသူများဟာ ဒူးရင်းသီးရဲ့ စူးရှလှတဲ့ အနံ့ထွက်မျိုးရိုးဗီဇကို တွေ့ရှိခဲ့ပါတယ်။ ဒီရှာတွေ့မှုကြောင့် နောက်ပိုင်းမှာ အနံ့ကင်းမဲ့ပြီး အရသာပိုရှိတဲ့အသီးများကို ဖန်တီးလာနိုင်လိမ့်မယ် လို့လေ့လာသူများက ဆိုပါတယ်။

ဒီလေ့လာချက်ကို ၃ နှစ်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး အမည်အဖော်လိုသူ ဒူးရင်းသီးကြိုက်နှစ်သက်သူများအဖွဲ့မှ ငွေကြေးထောက်ပံ့ပေးတာဖြစ်ပါတယ်။ ဒီတွေ့ရှိချက်ကို Nature Genetics ဂျာနယ်မှာ ပုံနှိပ်ခဲ့တာဖြစ်ပြီး “ဒူးရင်းသီးတွေမှာပါဝင်တဲ့ အငွေ့ပျံနိုင်တဲ့ ဆာလဖာကြောင့် ဒူးရင်းသီးအနံ့ဟာ ဒီလောက်စူးရှနေတာပါ ”လို့ မျိုးရိုးဗီဇပညာရှင် ပက်ထရစ်တန်  (Patrick Tan) ကဆိုပါတယ်။

ATM စက်ဖြင့် ငွေထုတ်ချိန်တွင် အကောင်းဆုံး ဘော်ဒီဂတ်များ

ATM စက်လို ငွေထုတ်စက်များတွင် ငွေထုတ်နေပါက လုံခြုံစိတ်ချမှု ရှိစေရန် ဒီလို ဘော်ဒီဂတ်များကို ခေါ်သွားလိုက်ပါ။ :D