Pages

Tuesday, December 12, 2017

စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းချခဲ့ရသည့် လီယိုနာဒိုဒါဗင်ချီ၏ ပန်းချီကား

ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားရေးဆွဲခဲ့သူ အီတလီ ပန်းချီပညာရှင် လီယိုနာဒို ဒါဗင်ချီ၏ ရှားပါးလက်ရာ ပန်းချီကားတစ်ခုသည် နယူးယောက်မြို့ လေလံပွဲ၌ ဒေါ်လာသန်း ၄၅၀ ဖြင့် စံချိန်တင် ရောင်းချခဲ့ရပါသည်။ “ကမ္ဘာကြီး၏ ကယ်တင်ရှင်”( Saviour of the World ) အမည်ရ ထိုပန်းချီကားသည် လီယိုနာဒို၏ ယနေ့အချိန်အထိ ကျန်ရှိနေသေးသော လက်ရာမြောက်ပန်းချီကား အချပ်(၂၀)တွင် တစ်ကားအပါအ၀င် ဖြစ်ပါသည်။ ထို့အပြင် ထိုပန်းချီကားသည် ပုဂ္ဂလိက လက်ထဲရောက်ရှိနေသည့် တကားတည်းသော ပန်းချီကားဖြစ်ပါသည်။

ပန်းချီကားသည် အမြင့် ၂၆ လက်မ(၆၆ စင်တီမီတာ) ရှိ ခရစ်တော်၏ ညာလက်ကိုမြှောက်၍ ကောင်းချီးမင်္ဂလာပေးနေပြီး ဘယ်ဘက်က ဖန်းလုံးတလုံးကို ကိုင်ထားဟန် သရုပ်ဖော်ရေးဆွဲထားခြင်း ဖြစ်ပါသည်။ ၁၅၀၀ ၀န်းကျင်က ရေးဆွဲထားခြင်းဟု သတ်မှတ်ထားကြပြီး နယူးယောက်မြို့ Christie လေလံပွဲတင် စံချိန်တင်ဈေးနှုန်း ဒေါ်လာသန်း ၄၅၀ ဖြင့် အမည်မဖော်သူတစ်ဦးမှ ၀ယ်ယူသွားခြင်း ဖြစ်ပါသည်။

ထိုပန်းချီကားသည် ခေတ်အဆက်ဆက် ပေါ်လိုက်ပျောက်လိုက်ဖြင့် ဖြစ်ပေါ်ဖူးပြီး ပိုင်ဆိုင်လက်လွှဲမှုများလည်း အဆင့်ဆင့် ဖြတ်သန်းခဲ့ရပါသည်။ အင်္ဂလန်ပြည့်ရှင် ချားလ်ဘုရင်(၁) မှပိုင်ဆိုင်ခဲ့ဖူးသလို ကုန်သည်များ ၊ သူဌေးများရဲ့ လက်အတွင်းသို့လည်း ရောက်ရှိလိုက် ၊ ပျောက်ကွယ်သွားလိုက်ဖြင့် အကြိမ်ကြိမ်ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရပါသည်။

ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ဖြစ်သော ဘုရင့်နောင်မင်း ခေါင်းလောင်းစာ


ပုဂံမြို့ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းခဲ့သော ခေါင်းလောင်းကြီးပေါ်တွင် ရေးထိုးထားသော စာ များကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ အဆိုပါ ခေါင်းလောင်းကြီးကို မြန်မာသက္ကရာဇ် ၉၁၇ ( အေဒီ ၁၅၅၇ ) ခုနှစ် နယုန်လပြည့်ကျော် ၁၁ ရက် တနင်္ဂနွေနေ့တွင် ကြေးခွက် ၂၁၀ဝ ဖြင့် သွန်းလုပ်ခဲ့ပြီး ပုဂံ ၊ ညောင်ဦးမြို့ရှိ ရွှေစည်းခုံဘုရားကြီး၏ ရင်ပြင်တော်ပေါ်တွင်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

ခေါင်းလောင်းကြီးပေါ်တွင် ပါဠိ၊ မွန်၊ မြန်မာ သုံးဘာသာဖြင့် ဘုရင့်နောင်မင်းကြီး၏ ဆောင်ရွက်ချက်များကို ရေးထိုးမှတ်တမ်းတင် ထားခဲ့ခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ရေးထိုးထားမှုကြောင့် ဘုရင့်နောင်မင်းလက်ထပ် ဆောင်ရွက်ချက်များ ၊ တိုက်ခိုက်အောင်မြင်ရာ တိုက်ပွဲများ ၊ အရပ်ဒေသများ ၊ သာသနာပြုခဲ့ပုံများကို ရက်စွဲများဖြင့် အတိအကျသိရှိခဲ့ကြရပါသည်။