နေခရမ်း
ထူးဆန်းထွေလာ ၊ ဟာသ နှင့် သုတ/ရသလေးများ
Pages
(Move to ...)
မူလစာမျက်နှာ
ပြုံးစရာ
ဂရင်းနစ်မှတ်တမ်းများ
ထူးဆန်းလူသားများ
ထူးဆန်းတံတားများ
ထူးဆန်းအဆောက်အဦးများ
ထူးဆန်းအကြောင်းအရာများ
ထူးဆန်းနေရာများ
ထူးဆန်းသတ္တ၀ါများ
ထူးဆန်းရောဂါများ
ထူးထူးခြားခြားအနုပညာ
ထူးဆန်းမြန်မာ
သုတပဒေသာ
ဗွီဒီယိုဖိုင်
သုတ/ရသစာစုများ
ဆိုဒ်အကြောင်းလမ်းညွှန်
▼
Tuesday, December 26, 2017
အမှတ်တမဲ့ အလွဲများ ( ၉၄ )
ဒီတစ်ပတ်အတွက် ပြုံးပျော်ရွှင်နိုင်မယ့် ပုံလေးတွေ ထပ်မံစုစည်းတင်းပေးလိုက်ပါတယ်။
ကြည့်ရှု့အားပေးကြပါအုံးခင်ဗျာ...
သမ္မတကြီးလည်း မသိဘူး။ အိပ်မှာပဲ။
ကင်မယာထဲလည်း ၀င်သွားပါအုံးမယ်ဗျာ...
ဝူခုန်းဇာတ်ကား ရိုက်ကွင်းပေါ်မှ ပုံရိပ်များ (၂)
ငယ်စဉ်ကတည်းက ကြည့်ခဲ့ရတဲ့ အနောက်သို့ ခရီးသွားခြင်းမှတ်တမ်း ဇာတ်ကားဟာ ကျွန်တော်တို့အတွက်ကတော့ အကြိုက်ဆုံးဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ယခုအချိန်အထိ နောက်ထပ် ရိုက်ကူးကြတဲ့ ဇာတ်လမ်းတွေ ဘယ်လောက်ကောင်းကောင်း ၊ ကွန်ပြူတာဖန်တီးချက်တွေ ဘယ်လောက်အဆင့်မြင့်မြင့် ငယ်စဉ်က ၀ူခုန်းဇာတ်ကားလောက် အားမရခဲ့တာ အမှန်ပါ။ အခုတင်ပြပေးတဲ့ ပုံလေးတွေက ထိုဇာတ်ကား စတင်ရိုက်ကူးချိန်တွင် ရိုက်ကွင်းပေါ်မှ ဖန်တီးမှု ပုံရိပ်များမှ အချို့ဖြစ်ပါတယ်။ ခေတ်မှီစက်ကိရိယာတွေ ရှားပါးနေချိန်မှာ ကြိုးစားဖန်တီးခဲ့ကြတဲ့ ပုံရိပ်များကို ကြည့်ပြီး တကယ်ကို အံ့သြချီးကျူးရပါတယ်။ ယခင် အပိုင်း (၁) ရဲ့ အဆက်ပေါ့ဗျာ။ သူငယ်ချင်းတို့လည်း ကြည့်ရှု့လိုက်ကြပါအုံးဗျာ….
ကမ္ဘာ့အရှားပါးဆုံးစာရင်းဝင် ကမ္ဘာ့အကြီးဆုံးကြက်တူရွေး Kakapo
နယူးဇီလန်နိုင်ငံတွင်သာ ရှိသော Kakapo ကြက်တူရွေးများကို ကမ္ဘာ့အကြီးဆုံး ကြက်တူရွေးမျိုးအဖြစ် သတ်မှတ်ကြပါသည်။ Kakapo ကြက်တူရွေးများသည် အရွယ်ပမာဏကြီးမားသလို ကမ္ဘာပေါ်တွင် မပျံသန်းနိုင်သော တစ်မျိုးတည်းသော ကြက်တူရွေးမျိုး ဖြစ်ပါသည်။ ကိုယ်ခန္ဓာကြီးမားပေမယ့် အတောင်သေးငယ်သဖြင့် မပျံနိုင်ခြင်း ဖြစ်သလို ထိုကဲ့သို့ မပျံနိုင်ခြင်းကြောင့်လည်း မျိုးတုန်းပျောက်ကွယ်ဖို့ နီးစပ်လာရခြင်းပဲ ဖြစ်ပါသည်။ သို့ပေမယ့် ကမ္ဘာပေါ်တွင် အသက်အရှည်ဆုံး နေထိုင်နိုင်သော ငှက်များတွင် ပါဝင်နေပြီး ပျမ်းမျှသက်တမ်းအားဖြင့် (၉၅) နှစ် အသက်ရှည်ပါသည်။ ကမ္ဘာဦး တိရိစ္ဆာန်မျိုးစိတ်များတွင် ပါဝင်သော ကြက်တူရွေးဖြစ်ပါသည်။ အစိမ်းရောင်ရောရော အရောင်အဆင်းရှိပြီး အသီးအရွက်စား တိရိစ္ဆာန်ဖြစ်ပါသည်။ အရွယ်ပမာဏအားဖြင့် အထီးသည် ၂၄ လက်မအထိရှိပြီး ၄ ပေါင် နှင့် ၉ ပေါင်ကြား အလေးချိန်ရှိပါသည်။ ယခုအခါ မျိုးတုန်းတော့မည့် အန္တရာယ်ရင်ဆိုင် နေရသည့် ကမ္ဘာ့အရှားပါးဆုံး စာရင်းဝင်ဖြစ်နေပြီး ၂၀၁၂ စာရင်းအရ အကောင်ရေ (၁၂၆) ကောင်သာ ရှိပါတော့သည်။ နယူးဇီလန်အစိုးရသည် Kakapo ကြက်တူရွေးများကို ဘေးမဲ့တောတစ်ခု ဖန်တီးပေးထားပြီး ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၂ )
Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...
ဆိုင်နာမည်က လှတယ်နော်...
သကြားမင်း ဖိနပ်ပျောက်နေပြီဟေ့... မှတ်ပလားကွ
‹
›
Home
View web version