Pages

Sunday, September 30, 2018

ပုံစံဆန်းပြား ဖက်ရှင်အရုပ်ကြီးများ

အ၀တ်အထည်ဖက်ရှင်ဆိုင်များတွင် ပြသထားလေ့ရှိတဲ့ အရုပ်ကြီးများရဲ့ တွေ့မြင်နေကျပုံစံမျိုး မဟုတ်ဘဲ ပြသထားတဲ့ ပုံများပါ။ အများစုကတော့ တွေ့မြင်ယုံနဲ့ ပြုံးရယ်ချင်စိတ် ပေါက်လာစေမှာ ဖြစ်ပါတယ်။ ကြည့်လိုက်ရအောင်နော်…

ရေ့....

ဘီယာဗိုက် ကိုကိုများအတွက်

Saturday, September 29, 2018

မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၂၆ )

Facebook ပေါ်တွင်တွေ့သမျှနှင့် သူငယ်ချင်းများပို့ပေးထားသော ပုံများကို စုစည်းတင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ...

ဒီဓာတ်တိုင်က သူများအိမ်ထဲ ကျူးကျူးကျော်ကျော်နော်...

ဘေးမဲ့ပေးထားတာနေမှာ...

ကမ္ဘာတစ်လွှား ထူးခြားစွာတည်ဆောက်ထားသော ဘုရားကျောင်းများ

အခုတင်ပေးမယ့်ပိုစ့်က နေခရမ်း စိတ်ကူးဖြင့်စုစည်းထားခြင်းမဟုတ်ပါဘူး။ အင်တာနက် ဆိုဒ်များမှာ တွေ့မြင့်ရတဲ့ Breathtaking Monasteries ၊ Magnificent Monasteries ၊ Amazing Monasteries ဆိုတဲ့ခေါင်းစဉ်များနှင့် ပိုစ့်များကို ပြန်လည်စုစည်းတင်ပြပေးမှာပါ။ ဆိုဒ်တစ်ခုနှင့် တစ်ခု သတ်မှတ်ဖေါ်ပြချက် ကွဲလွဲမှု အနည်းငယ်စီ ရှိကြပေမယ့် အများအားဖြင့် တော့တူညီကြပါတယ်။ သူငယ်ချင်းတို့ဆက်လက်အားပေးကြပါအုံးနော်...

၁။ Tiger's Nest Monastery (Bhutan)

ဘူတန်နိုင်ငံမှာတည်ရှိတဲ့ တောင် အလယ် ချောက်ကမ်းပါးဘေး ၊ ကျောက်နံရံမှာကပ်ပြီး တည်ဆောက်ထားတာပါ။ ဘူတန်နိုင်ငံ Paroတောင်ကြားချိုင့်ဝှမ်းမှ အထက် 700 meters (2,300 ပေ) အမြင့်မှာတည်ရှိပါတယ်။တရားဝင် မှတ်သားမှုအရ 1692 ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဘုရားကျောင်းအကြောင်းအရာကို နေခရမ်းဆိုဒ်မှာ တင်ပေးဖူးပါတယ်။

၂။Madonna del Sasso Monastery (Switzerland)

ဆွတ်ဇာလန်နိုင်ငံမှာတည်ရှိ ပြီး ၁၇ ရာစု ကတည်းက တည်ဆောက်ပြီးစီးခဲ့ပါတယ်။

Friday, September 28, 2018

ကမ္ဘာ့ အန္တရာယ်အများဆုံး ပင့်ကူ (၁၂) မျိုး

ကျွန်တော်တို့ အများဆုံးတွေ့ဖူးသော ပင့်ကူများမှာ အရွယ်အစားသေးငယ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်ရှိ ပင့်ကူမျိုးစိတ်များတွင် အရွယ်အစားကြီးမားသော ပင့်ကူကြီးများလည်း ရှိကြပါသေးတယ်။ လူအများဆုံး အကြောက်ဆုံး (သို့) အသဲအယားဆုံး တိရိစ္ဆာန်များတွင်လည်း ပင့်ကူ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ အကြောက်တတ်ဆုံး အကောင်လေးများတွင် တစ်ခုအပါအ၀င်ပါ။ ပင့်ကူတစ်ကောင်ရဲ့ ပုံစံကြောင့် အသဲယားထိတ်လန့်တတ်ကြပေမယ့် ကမ္ဘာပေါ်ရှိ ပင့်ကူမျိုးစိတ်များတွင် သေစေနိုင်လောက်အောင် အဆိပ်ပြင်းသော ပင့်ကူများလည်း ရှိကြပါတယ်။ ပင့်ကူကိုက်(ရှပ်)ရင် အများဆုံး ယားယံယုံလောက်ပဲ ထင်ကြပေမယ့် သေစေနိုင်လောက်အောင် အန္တရာယ်များတဲ့ ပင့်ကူများနဲ့ ပြင်းထန်စွာ နာကျင်မှု ခံစားရစေတတ်တဲ့ ပင့်ကူ (၁၂) မျိုးကို တင်ပြပေးချင်ပါတယ်။

1. Brazilian Wandering Spider

ကမ္ဘာပေါ်တွင် အန္တရာယ်အများဆုံး နှင့် တိုက်ခိုက်မှုအများဆုံး ပင့်ကူအဖြစ် Brazilian Wandering Spider ကိုသတ်မှတ်ထားကြပါတယ်။ အဆိပ်အပြင်းဆုံးပင့်ကူမျိုးလည်း ဖြစ်ပါတယ်။ ထိုပင်ကူတွင်
Neurotoxic အဆိပ်များစွာပိုင်ဆိုင်ပြီး တစ်ကြိမ်အကိုက်ခံရယုံဖြင့် ကြွက်သားများ ထိန်းချုပ်မှုကို မလုပ်နိုင်တော့ဘဲ အသက်ရှူရပ်ကာ သေဆုံးနိုင်ပါတယ်။ ထိုပင့်ကူကို သိပ္ပံအမည်အားဖြင့် Phoneutriaoriginates ဟုခေါ်ပါတယ်။ တောင်အာဖရိကနဲ့ဗဟိုအမေရိကမှာ တွေ့ရလေ့ရှိပါတယ်။

Thursday, September 27, 2018

ကမ္ဘာတစ်လွှား အများပြည်သူသုံး ထိုင်ခုံအလန်းများ (၂)

ကမ္ဘာနိုင်ငံအသီးသီးတွင် တွေ့မြင်ရသော အများပြည်သူ လွတ်လပ်စွာ အပန်းဖြေအနားယူနိုင်စေရန် စီစဉ်ပေးထားတဲ့ ထိုင်ခုံဒီဇိုင်းဆန်းဆန်းလေးများ ဖြစ်ပါသည်။ ကြည့်လိုက်ကြပါအုံးဗျာ…

ကမ္ဘာ့အလှပဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံး ကျွန်းကလေး Bora Bora


ပုံများမြင်ယုံဖြင့် သွားချင်စိတ်ပေါက်လာအောင် ဆွဲဆောင်မှုကောင်းလှတဲ့ တစ်နေရာမှာ Bora Bora ကျွန်းကလေးပင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်တွင် အလှပဆုံးနှင့် ဆွဲဆောင်မှုအကောင်းဆုံး ကျွန်းများတွင် Bora Bora ကျွန်းလေးလည်း ပါဝင်နေပါတယ်။
Bora Bora ကျွန်းကလေးဟာ ပစိဖိတ်သမုဒ္ဒရာ တောင်ဘက်စွန်းပိုင်းမှာ တည်ရှိတဲ့ ကျွန်းငယ်လေး ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာ တည်ရှိခဲ့ပြီး ယခု French Polynesia ရဲ့ကျွန်းငယ်လေးတစ်ခုဖြစ်သော Bora Bora ကျွန်းကလေးဟာ ပြင်သစ်အငွေ့အသက်ယဉ်ကျေးမှုများကြောင့် ကမ္ဘာကျော်ရခြင်း မဟုတ်ပါဘူး။
အဖြူရောင် သဲသောင်ပြင် ၊ ကြည်လင်အေးမြနေသော ပင်လယ်ရေ ၊ လှပနေတဲ့ ပင်လယ်လှိုင်းလုံးများနဲ့ နားနေချင်စဖွယ်ကောင်းသည့် အပန်းဖြေအဆောက်အဦများကြောင့် ကမ္ဘာကျော် နေရာတစ်နေရာအဖြစ် တည်ရှိနေတာပါ။ Bora Bora ကျွန်းကလေးရဲ့ လှပသော ပုံရိပ်ပေါင်း များစွာမှ တစ်ချို့ကို တင်ပြပေးလိုက်ပါတယ်။

Thursday, September 20, 2018

ကြည့်ရှုနားထောင်မှုအများဆုံး သီချင်းအဖြစ် ဂရင်းနစ်စံချိန်ဝင်သွားတဲ့ Despacito သီချင်း


အဆိုတော် ဂျက်စတင်ဘီဘာဟာ Luis Fonsi, Daddy Yankee တို့နဲ့အတူ သီဆိုထားတဲ့ သူ့ရဲ့ Despacito (Remix) သီချင်းဟာ ကမ္ဘာတဝန်း Streaming ကြည့်ရှုနားထောင်မှုအများဆုံး သီချင်းအဖြစ် ဂရင်းစံချိန်ကို ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

လက်တင်ဂီတသံစဉ်နဲ့ ရေးသားစပ်ဆိုထားတဲ့ အဲဒီသီချင်းဟာ ဂျက်စတင်ဘီဘာအနေနဲ့ ပထမဆုံးအကြိမ် စပိန်ဘာသာနဲ့ သီဆိုထားတဲ့ သီချင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ ဖြန့်ချိခဲ့ချိန်ကစလို့ အကြိမ်ပေါင်း ၅ ဘီလီယံနီးပါး Streaming ကြည့်ရှုနားထောင်ခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီပမာဏဟာ အဆိုတော် ဘီဘာရဲ့ Sorry သီချင်းတင်ထားခဲ့တဲ့ အကြိမ်ရေ ၄ ဒဿမ ၃ ဘီလီယံစံချိန်ကို ကျော်တက်နိုင်ခဲ့ တာပဲ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်အရွယ်ဖြင့် တက္ကသိုလ်ဝင်ခွင့် အောင်မြင်ခဲ့သည့် ဉာဏ်ကြီးရှင် မက္ကဆီကိုကျောင်းသားလေး


ကားလို့စ်ဆန်တာမာရီယာဒိုင်ယက်ဇ် ဆိုတဲ့ အသက် ၁၂ နှစ်အရွယ် ကျောင်း သားလေးက မက္ကဆီကိုနိုင်ငံ၊ မက္ကဆီ ကိုမြို့ရဲ့ နာမည်ကျော်တက္ကသိုလ်ဖြစ်တဲ့National Autonomous Universityကို အသက်အငယ်ဆုံးနဲ့ဝင်ခွင့်အောင် မြင်ခဲ့ပါတယ်။ ဒီတက္ကသိုလ်ရဲ့သမိုင်းတစ် လျှောက်လုံးမှာ အသက်အငယ်ဆုံးနဲ့ ဝင် ခွင့်ရခဲ့တဲ့ ကျောင်းသားလည်းဖြစ်လာခဲ့ပြီး ဉာဏ်ကြီးရှင်ကျောင်းသားလေးအဖြစ် ချီး မွမ်းခံနေရပါတယ်။ ဇီဝဆေးသိပ္ပံရူပဗေဒ ဘာသာရပ်အထူးပြုနဲ့ တက္ကသိုလ်မှာ ပညာဆည်းပူးလေ့လာသွားမယ်လို့ သိရ ပါတယ်။ မက္ကဆီကိုနိုင်ငံ၊ ကွာဒါလာဂျာ ရာမြို့မှာ ပုဂ္ဂလိကကျောင်းတက်ရောက်ခဲ့ ပြီး သင်ယူရတဲ့ဘာသာရပ်တွေက ပျင်းရိ ငြီးငွေ့ဖွယ်ဖြစ်လာတဲ့အတွက် အွန်လိုင်း ဝက်ဘ်ဆိုက်တွေမှာ ကဲကုလစ်သင်္ချာနဲ့ ရူပဗေဒဘာသာရပ်တွေကို ကိုယ်ထူကိုယ် ထလေ့လာဖြစ်ခဲ့တဲ့အပြင် အသက်ကိုး နှစ်အရွယ်မှာတော့ စိတ်ဖြာလေ့လာမှု ဓာ တုဗေဒဘာသာရပ်၊ ဇီဝဓာတုနဲ့ ဇီဝဗေဒ ဘာသာရပ်တွေကိုလည်း တက္ကသိုလ်အစီ အစဉ်တွေနဲ့ ပါဝင်လေ့လာမှုပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်ပြည်တလွှား မြို့ထူးများ


ဆန့်ကျင်ဘက်မြို့များ
==============
၁။ ကျောက်ဖြူ  X ကျောက်မဲ
၂။ မိုးကောင်း X မိုးနဲ
၃။ တောင်ကြီး X တောင်ကုတ်
၎။ အလုံ X ပေါက်
၅။ အမြင့် X မြေထဲ
၆။ မေမြို့ X မောင်တော

အက္ခရာပူးမြို့များ
============
၁။ ကိုကိုးကျွန်း ၂။ ကျောက်ကြီး ၃။ ကျောင်းကုန်း ၄။ ဂန့်ဂေါ ၅။ ဆီဆိုင် ၆။ တံတား ၇။ တွံတေး ၈။ မြောင်းမြ ၉။ မြင်းမူ ၁၀။ မိုးမိတ် ၁၁။ မိုးမောက် ၁၂။ မောက်မယ် ၁၃။ တီးတိန် ၁၄။ လောင်းလုံ ၁၅။ လွိုင်လင် ၁၆။ ဟဲဟိုး ၁၇။ မေမြို့

မိတ်ကပ်လိမ်းခြယ်မှုများ ဖြစ်ပေါ်လာပုံ သမိုင်း အစ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်က စတင်ပြီးတော့ သုသေသန ပြုလုပ်ခြင်း၊ ဓာတုဗေဒ ပညာရှင်၊ မိတ်ကပ်ပညာရှင်၊ ဖက်ရှင် ဒီဇိုင်နာတွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံခေါင်းဆောင်တွေအထိ မိတ်ကပ်ဟာ ပါဝင်ပတ်သက်မှု ရှိလာပါတယ်။

ရှိတာထက်ပိုပြီး ပြည့်စုံချင်တဲ့ လူ့သဘာဝ၊ မိမိကိုယ်ကို ပိုမိုလှပချင်တဲ့ စိတ်သဘောထားတွေကြောင့် မိတ်ကပ်ဟာ နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်လာပါတယ်။ ဒါကြောင့် နိုင်ငံအသီးသီးက မိတ်ကပ် လိမ်းခြယ်ပုံတွေနဲ့ မိတ်ကပ်ဖြစ်ပေါ်လာပုံတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အီဂျစ်

အီဂျစ်နိုင်ငံဟာ မိတ်ကပ်အသုံးပြုမှုကို ကောင်းမွန်စွာ မှတ်တမ်းတင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ BC ၄၀၀၀ လောက်က စတင်ပြီး အီဂျစ်တွေဟာ မိတ်ကပ်ကို လိမ်းခြယ်ဖို့ တီထွင် ပြုလုပ်ခဲ့ကြပါတယ်။ ကြေးနီ သတ္တုရိုင်းကို မျက်လုံးဘေး ခြယ်သဖို့ အသုံးပြုခဲ့ကြပြီး မျက်လုံးအတွင်းပုံစံကို ပေါ်လွင်စေဖို့ Kohl ကို အသုံးပြုခဲ့ကြပါတယ်။ အနီရောင်မြေစေးကို နှုတ်ခမ်းနီအတွက် အသုံးပြုခဲ့ပြီးတော့ ဒန်းပင်ကိုတော့ ခြေသည်း၊ လက်သည်း အလှဖော်ဖို့ သုံးစွဲခဲ့ကြပါတယ်။

မက္ကဆီကိုက ကားသူခိုး အသုဘကားကို ခိုးတော့ အလောင်းကြီးပါ ပါလာ


မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းက ကားသူခိုးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါ ကားသူခိုးဟာ လူသေအလောင်းရှိနေတဲ့ နာရေးကားကို ခိုးယူသွားတာ ဖြစ်ပါသတဲ့။ အသက် ၈၀ အရွယ် သေဆုံးသူရဲ့အလောင်းကို ဆေးရုံကနေ အသုဘရှုရင်ခွဲရုံကို ပို့ဆောင်ဖို့အတွက် အဆင်သင့် လုပ်ထားခဲ့တာဖြစ်တယ်လို့ တလာကေးပါကေးရဲဌာနက ထုတ်ပြန်ထားပါတယ်။ သော့တန်းလန်းနဲ့ ဖြစ်နေတဲ့ အသုဘကားကို အသက် ၄၀ အရွယ် ကားခိုးသူက ပြီးခဲ့တဲ့ သောကြာနေ့ညက ယူမောင်းသွားခဲ့တာ ဖြစ်ပါတယ်။
အဝေးပြေး လမ်းမကြီးအတိုင်း နာရေးကားကို မောင်းပြေးသွားပေမယ့် ရဲတွေက လိုက်လံဖမ်းဆီးရမိခဲ့ပါတယ်။ ကွယ်လွန်သူကိုရော အသုဘယာဉ်ကိုပါ ပြန်လည်ရရှိထားပြီး ဖြစ်ပါတယ်။
မူရင်း:The Voice Myanmar

သင်္ဘောကျင်းမဆံ့အောင် ကြီးသွားတဲ့ စပိန်ရေငုပ်သင်္ဘောသစ်


လွဲမှားမှုတွေရှိခဲ့တဲ့ စပိန် ရေငုပ်သင်္ဘောသစ်ကို ပြုပြင်ရင်း သင်္ဘောကျင်းနဲ့မဆံ့အောင် ကြီးသွားခဲ့လို့ သင်္ဘောကျင်းကိုပါ ပြုပြင်မွမ်းမံရတော့မှာပါ။ S-80 ရေငုပ်သင်္ဘောဟာ ၂၀၁၃ ခုနှစ်ကတည်းက ပထမဆုံး ပြဿနာကြုံခဲ့တာပါ။ S-80 ရေငုပ်သင်္ဘောကို ဒီဇိုင်းဆွဲဖို့ တွက်ချက်မှုတွေလုပ်ရာမှာ ဒဿမကိန်း အထားအသိုမှားပြီး ရှိသင့်ရှိထိုက်တဲ့ အလေးချိန်ထက် တန် ၁၀၀ ပိုသွားခဲ့ပါတယ်။ အဲဒီအတွက် S-80 ရေငုပ်သင်္ဘောဟာ ရေငုပ်နိုင်ပေမယ့် ရေပေါ် ပြန်ပေါ်လာနိုင်ခြင်း မရှိပါဘူး။

အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ရေငုပ်သင်္ဘောကို ဒီဇိုင်းပြန်ဆွဲပြီး ဖော့ဂုဏ်သတ္တိ ပိုကောင်းအောင် သင်္ဘောရဲ့ အရှည်ကို တိုးမြှင့်ခဲ့ပါတယ်။ S-80 ရေငုပ်သင်္ဘောရဲ့ မူလအရွယ်အစားက အရှည် ၇၁ မီတာရှိပြီး တန်ချိန် ၂၂၀၀ ရှိပေမယ့် ပြုပြင်မှုတွေ လုပ်ခဲ့ပြီးနောက်မှာတော့ အရှည် ၈၁ မီတာ၊ တန်ချိန် ၃၀၀၀ ရှိသွားခဲ့ပါတယ်။ အဲဒါကြောင့် ကာတာဂျီနာမြို့မှာ အခြေစိုက်တဲ့ စပိန်ရေတပ် အခြေစိုက်စခန်းကို သောင်ပြန်တူးရမှာဖြစ်ပြီး ပြုပြင်မွမ်းမံမှုတွေ လုပ်ရတော့မှာပါ။ S-80 ရေငုပ်သင်္ဘောကို ပြုပြင်ရင်းနဲ့ ရေငုပ်သင်္ဘောတစ်စင်းစီရဲ့ ကုန်ကျစရိတ်က နှစ်ဆနီးပါး မြင့်တက်သွားခဲ့ပြီး ယူရို ၁ ဘီလျံလောက် ကုန်ကျခဲ့ပါတယ်။
Credit:Yoyarlay

မိမိခံစားရသည့် ဝေဒနာထက် လူနာများအသက်ကို ကယ်တင်ခဲ့သည့် လေးစားဖွယ် နှလုံးလှဆရာဝန်


ဆရာဝန်တစ်ဦးဟာ ခွဲစိတ်ခန်းအတွင်း အူအတက်ပေါက်ကာ ပြင်းထန်စွာနာကျင်မှု ခံစားနေရပေမယ့် အရေးကြီးသည့် လူနာများအတွက် ခွဲစိတ်မှု ၉ ခုကို ပြီးစီးအောင်လုပ်ပေးခဲ့ပါသည်။ တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွီပြည်နယ်မှ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သော လျန်ဖူချွင့်သည် ခွဲခန်းအတွင်း လူနာများကို ခွဲစိတ်ကုသပေးနေစဉ်တွင် မခံမရပ်နိုင်သော နာကျင်မှု ခံစားလာရပါသည်။
ကိုကိုယ်တိုင်လည်း အူအတက်ရောင်ရောဂါခံစားရပြီး ပြင်းထန်စွာနာကျင်နေပေမယ့် မိမိရဲ့လူနာများသည် ပိုအရေးကြီးသည်ဟုဆိုကာ ဝေဒနာကိုအောင့်အီးသည်းခံ၍ ခွဲစိတ်မှု ၉ ခု ပြီးအောင်လုပ်ပေးခဲ့ပါသည်။

ဒါပေမယ့် အလွန်နာကျင်မှု ခံစားနေရချိန် ခွဲစိတ်မှုကို အပြည့်အဝအာရုံစိုက်ကာ အမှားအယွင်းကင်းနိုင်ရန်အတွက် ခွဲစိတ်ခန်းထဲမှာ အခြားလုပ်ဖော်ကိုင်ဖက်များမှ ဒေါက်တာလျန် နာကျင်ကိုက်ခဲမှု သက်သာစေဖို့ ဆေးနှစ်ကြိမ် ထိုးပေးခဲ့ရပါသည်။
ခွဲစိတ်မှုတွေပြီးဆုံးခဲ့ချိန်တွင် ဒေါက်တာလျန်ရဲ့အခြေအနေကို  စစ်ဆေးလိုက်ရာတွင် အူအတက်ပေါက်သွားခဲ့ပြီဖြစ်တာကြောင့် အရေးပေါ်ခွဲစိတ်ကုသမှု ချက်ချင်းပြုလုပ်လိုက်ရပါသည်။

ဘရာဇီး မိုးသစ်တောထဲမှာ တစ်ဦးတည်း ကျန်ရစ်ခဲ့တဲ့ လူရိုင်းမျိုးနွယ်ဝင်


ဘရာဇီးနိုင်ငံ မိုးသစ်တောထဲမှာ နေထိုင်ပြီး ပြင်ပကမ္ဘာနဲ့ ထိတွေ့မှုမရှိသေးတဲ့ အမေဇုန် လူရိုင်းမျိုးနွယ်ဝင်ထဲက တစ်ဦးတည်း ကျန်ရစ်တဲ့ လူရိုင်းတစ်ယောက်ကို ကင်မရာနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ လူရိုင်းမျိုးနွယ်တွေ နေထိုင်တဲ့နေရာကို နယ်မြေချဲ့ထွင်မှုလုပ်လာသူတွေက လူရိုင်းတွေကို တိုက်ခိုက်ကြတဲ့အတွက် လွန်ခဲ့တဲ့ ၂၂ နှစ်လောက်ကတည်းက အဲဒီလူရိုင်းမျိုးနွယ်မှာ သူတစ်ယောက်ပဲ ကျန်ရစ်ခဲ့တာလို့ ဘရာဇီး အစိုးရဝန်ထမ်းတွေက ယုံကြည်နေပါတယ်။

၁၉၉၅ ခုနှစ်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ လယ်သမားတွေရဲ့ တိုက်ခိုက်မှုအပြီးမှာတော့ နဂိုကတည်းက ၆ ယောက်လောက်ပဲရှိတဲ့ လူရိုင်းမျိုးနွယ်စုမှာ သူတစ်ယောက်ပဲ ကျန်ရစ်ခဲ့တာလို့ ဘရာဇီးနိုင်ငံ အမျိုးသားအင်းဒီးယန်းဖောင်ဒေးရှင်းက ပြောပါတယ်။ ကင်မရာမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ လူရိုင်းဟာ လန်ကွတ်တီ ဝတ်ထားပြီး ဆံပင်တော်တော်ရှည်နေတာ တွေ့ရပါတယ်။ သူက သစ်ပင်ကို ခုတ်လဲနေတဲ့ပုံစံရှိပါတယ်။
yoyarlay

ဂင်းနစ်စံချိန်ဝင်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံမှ လက်ဖြင့် ရက်လုပ်ထားသည့် ကမ္ဘာ့ အရှည်ဆုံး လည်စည်း


ကမ္ဘောဒီးယားနိုင်ငံ၏ လက်ဖြင့် ရက်လုပ်ထားသည့် လည်စည်းပုဝါ (သို့ မဟုတ်) ခမာဘာသာစကားဖြင့် krama သည် ကမ္ဘာ့ အရှည်ဆုံးလည်စည်းအဖြင့် ဇူလိုင် ၁ ရက်တွင် ဂင်းနစ်စံချိန် စာအုပ်၌ မှတ်တမ်းတင်ခံရကြောင်း သိရသည်။

အကျယ် ၈၈ စင်တီမီတာ နှင့် အလျား ၁၁၄၉.၈ မီတာရှိသော krama ကို ရက်ကန်းစင် ၂ဝ ခု ဖြင့် အချိန် ငါးလ နီးပါးယူ၍ ရက်လုပ်ခဲ့ရသည်။ ၄င်းလည်စည်းကို ဖနွမ်းပင်မြို့ ရှိ အမျိုးသားပြတိုက်ရှေ့ ၌ စီတန်းလှည့်လည်ပြသခဲ့ရာ လာရောက်ကြည့်ရှုသူများကလည်း ဝိုင်းဝန်း သယ်ဆောင်ခဲ့ကြကြောင်း သိရသည်။
“ အရှည် ၁၁၄၉.၈ မီတာနဲ့ ကမ္ဘာ့ အရှည်ဆုံး လည်စည်းအဖြစ် ဂင်းနစ်ကမ္ဘာ့ စံချိန်စာအုပ်မှာ မှတ်တမ်းဝင်သွားပြီပေါ့” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော ဂင်းနစ်စံချိန် အကဲဖြတ်အဖွဲ့ ဝင်တစ်ဦးဖြစ်သူ Swapnil Dangarikar က ဧည့်ပရိသတ် ၂ဝ,ဝဝဝ ကျော်အား ထုတ်ဖော် ကြေညာခဲ့သည်။

ဆန့်ကျင်ဘက်လိင်တွေအဖြစ် အပီပြင်ဆုံး သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင် ၄ ယောက်

သရုပ်ဆောင်တွေဟာ သူတို့ရဲ့ အနုပညာအဆင့်အတန်းတခုအတွက် ဘယ်လိုဇာတ်ရုပ်မျိုးမဆို ပါဝင်သရုပ်ဆောင်ဖို့ ဝန်မလေးကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ နဂိုမူရင်းပုံစံကို တခြားသူတယောက်အဖြစ် လုံးဝပြောင်းလဲပစ်ပြီး သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်များကို ဧရာဝတီရဲ့ စာဖတ်ပရိတ်သတ်အတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
 (၁) Angelina Jolie

Jolie ဟာဆိုရင် Salt (2010)မှာ CIAရဲ့ အမှုထမ်းအဖြစ် ရုရှားတွေကို ထောက်လှမ်းခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအရ အမျိုးသမီးအမှုထမ်းအဖြစ်ကနေ အမျိုးသားတယောက်အဖြစ်ပုံစံပြောင်းထောက်လှမ်းရမှာဖြစ်ပါတယ်။ ဒါကြောင့် Jolie ဟာ Salt ကို ရိုက်ကူးနေစဉ်မှာ အဝတ်လဲခန်းထဲအချိန် အတော်အကြာအသုံးချပြီး သူမရဲ့ ရှိရင်းစွဲ ပုံစံထက် လုံးဝကွဲထွက် သွားအောင် ပြောင်းလဲဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

(၂) Eddie Redmayne

Eddie Redmayne ကတော့ ပန်းချီဆရာတယောက်ဖြစ်တဲ့ Einar Wegener ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ ၁၉၂၀ ခုနှစ်နောက်ခံ The Danish Girl (2015)မှာ သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ Einar ဟာ သူ့ကိုယ်သူ ယောက်ျား တယောက်အဖြစ်နဲ့ အသက်ဆက်ရှင်မနေလိုတော့ဘဲ ကမ္ဘာ့ပထမဆုံး လိင်အင်္ဂါပြောင်းလဲမှု ပြုလုပ်ခဲ့ တာပဲဖြစ်ပါတယ်။ The Dannish Girl ရုပ်ရှင်မှာ Eddie Redmayne ဟာ ပန်းချီဆရာတယောက်အဖြစ်ရော လီလီဆိုတဲ့အမျိုးသမီးအဖြစ်ပါ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

ချစ်သူခွင့်လွှတ်စေဖို့ မြို့အတွင်း ကြော်ငြာဘုတ် ၃၀၀ ထောင်ပြီး တောင်းပန်တဲ့ အိန္ဒိယနိုင်ငံသား


အိန္ဒိယနိုင်ငံက အသက် ၂၅ နှစ်အရွယ် လူရွယ်တစ်ဦးဟာ ချစ်သူစိတ်ဆိုးပြေစေဖို့ လမ်းတစ်လျှောက်မှာ ပိုစတာပေါင်း ၃၀၀ ထောင်ပြီး ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ နီလက် ခီဒီကာဟာ ချစ်သူဖြစ်သူ ရှီဒီက စိတ်ဆိုးသွားခဲ့ပြီးနောက် ချစ်သူရဲ့ ခွင့်လွတ်မှုရဖို့ အခုလိုမျိုး တောင်းပန်ခဲ့တာဖြစ်ပါတယ်။

ချစ်သူနှစ်ဦး ရန်ဖြစ်ရတဲ့အကြောင်းအရင်းကို အတိကျမသိသေးဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။ ခီဒီကာဟာ ရန်ဖြစ်ခဲ့တဲ့ ချစ်သူ ရှီဒီ မွန်ဘိုင်းမြို့ကနေ Pimple Saudagar မြို့ဆီ ပြန်လာမယ့်ကြားတဲ့အချိန်မှာ "ရှီဒီရေ ငါတောင်ပန်းပါတယ်" ဆိုတဲ့ စာသားတွေ ရေထားတဲ့ ကြေငြာဘုတ်တွေ၊ ပိုစတာတွေကို ကပ်ထားခဲ့တာပါ။ ခီဒီကာဟာ မြို့ကို ရှီဒီ ပြန်ရောက်မယ့် ညပိုင်းမှာ လူငယ်အုပ်စုတစ်စုရဲ့အကူအညီ ရယူပြိး မြို့အတွင်းက ကြေငြာဘုတ် တွေ၊ လမ်းဘေး တိုင်တွေ နဲ့ ကားလမ်းလယ်မှာထောင်ထားတဲ့ တိုင်တွေမှာ လိုက်ကပ်ခဲ့တာဖြစ်ပါတယ်။

၁၆ နှစ်သမီးအရွယ်တွင် ပေါင် ၂ သန်းထီဆုကြီး ပေါက်ခဲ့သော်လည်း ယင်းကြောင့်ပင် ဒုက္ခရောက်သွားခဲ့ရသူ


ဗြိတိန်တွင် မိန်းကလေးတစ်ဦးသည် ၁၆ နှစ်သမီးအရွယ်တွင်ပင် ပေါင် ၂ သန်း (ဒေါ်လာ ၂ ဒသမ ၆ သန်း) ထီဆုကြီး ပေါက်ခဲ့သဖြင့် ဗြိတိန်အငယ်ဆုံး ကံထူး ရှင်ဖြစ်ခဲ့သည်။ သို့သော် ၎င်းက ထိုငွေ များကို အလှအပခွဲစိတ်ပြုပြင်ရာတွင်၊ မူး ယစ်ဆေးဝါးသုံးစွဲရာတွင်၊ ပျော်ပါးရာတွင် အလျှံအပယ်သုံးစွဲခဲ့သဖြင့် နှစ်အနည်း ငယ်အကြာတွင်ပင် ထိုငွေများကုန်သွား တော့သည်။ ထို့ကြောင့် ထီထိုးရာတွင် အသက်ကန့်သတ်ထားသင့်ကြောင်း ယခုအ ချိန်တွင် အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် ကယ်လီရော်ဂျာစ်က ဆိုသည်။

ထီဆုကြီး ပေါက်သဖြင့် လူပေါင်းများစွာက မိမိထံမှ ငွေချူစားကြသဖြင့် မိမိမှာ နောက်ဆုံးတွင် လူများကို မယုံရဲတော့ကြောင်း ၎င်းက ဖွင့် ဟသည်။ အပေါင်းအသင်းများကြား နာ မည်ကြီးလိုသည့်စိတ်ကလည်း ဆောင်နေ သဖြင့် ဘေးမှလူများပြောသမျှကို ယုံပြီး ထင်တိုင်းကြဲခဲ့မိကြောင်း ၎င်းက ပြောပြ သွားခဲ့သေးသည်။ ထိုငွေဖြင့် ရင်သားခွဲ စိတ်ပြုပြင်ခြင်း၊ နာမည်ကြီးအမှတ်တံဆိပ် အဝတ်အစားများ၊ လက်ကိုင်အိတ်များ၊ အသုံးအဆောင်များ ဝယ်ခြင်း၊ မိတ်ဆွေ အပေါင်းအသင်းနှင့် မိသားစုကိုလည်း လက်ဆောင်အကောင်းစားများ ဝယ်ပေး ခြင်း၊ ခရီးထွက်ခြင်းတို့ကြောင့် နောက်ဆုံး တွင် မိမိလက်ထဲ ငွေတစ်ပြားမှမကျန်တော့ ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့အကြီးဆုံး အရောင်စုံ အီစတာကြက်ဥကြီး


အရောင်အမျိုးအစား စုံလင်လှသည့် ကြီးမားလှတဲ့ အီစတာကြက်ဥကြီးကို ဆလိုဗက်ကီးယားနိုင်ငံ Lemesany တွင် ၂၀၁၈ ခု မတ်လ ၂၄ ရက်နေ့၌ ဖွင့်လှစ်ပြသခဲ့ပါသည်။ ထိုအီစတာကြက်ဥကြီးသည် ၅.၀၈ မီတာ မြင့်ကာ ၃.၀၈ မီတာ အကျယ် ရှိပါသည်။ အလေးချိန်အားဖြင့် 800 kg ရှိပါသည်။

ထိုအရောင်စုံ လှပနေသည့် အီစတာကြက်ဥကြီးတစ်ခုလုံးကို အရောင်စုံ ပလက်စတစ်ပုလင်းအဖုံးများဖြင့် တည်ဆောက်ထားပြီး လှပစေရန် နေရာချတည်ဆောက်ထားခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ တည်ဆောက်ပြီးစီးစေရန် အချိန်တစ်နှစ်ခန့် စုဆောင်းပြင်ဆင်ခဲ့ရခြင်း ဖြစ်ပါသည်။

အသက်ခုနစ်နှစ်အရွယ်လူသားနဲ့ ဥာဏ်ရည်ချင်းတူတဲ့ ကျီးများ

ကျီးတွေဟာ ကမ္ဘာပေါ်မှာရှိနေတဲ့ အပါးနပ်ဆုံးသတ္တဝါတွေစာရင်းဝင်ပါတယ်။ သူတို့ဟာ အဆင့်မြင့်နို့တိုက်သတ္တဝါမျိုးစိတ်မဟုတ်ပါဘဲ ကိရိယာ တန်ဆာပလာတွေကို ဖန်တီးပြီး သုံးတတ်တဲ့ ဥာဏ်ကြီးရှင်တွေပါ။

စမ်းသပ်ချက်တစ်ခုမှာဆို သူတို့ အရင်က လုံးဝ မမြင်ဖူးခဲ့တဲ့ နန်းကြိုးမျှင်ကို ကွေးပြီး ကိရိယာတစ်ခုလို သုံးပြသွားတာတောင် တွေ့ခဲ့ရပါတယ်။

အတော်လေး ခဲခဲယဉ်းယဉ်း ဖြေရှင်းရမယ့် အဆင့် ၈ ဆင့်ပါ ပဟေဠိတစ်ခုကို ဖန်တီးပြီး သူတို့ကို စမ်းသပ်ကြည့်တဲ့အခါမှာလည်း ကျီးတစ်ကောင်ဟာ အဆင့်အားလုံးကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြခဲ့ပြီး ဆုအဖြစ်ထားရှိတဲ့ အစာတွေဆီကို အရောက်သွားနိုင်ခဲ့တာကို တွေ့ရပါတယ်။

ပင်လယ်ရေက ဘာကြောင့် လူကို ရေပိုဆာစေတာလဲ


ပင်လယ်ဆားငံရေဟာ ဆားဓါတ်သိပ်သည်းစွာ ပါဝင်တဲ့အတွက် သင့်ကိုရေပိုဆာစေပါတယ်။
ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်လေးတွေထဲမှာ ရေဓါတ်နဲ့ ဆားဓါတ်ပါဝင်ပါတယ်။ ဆဲလ်ပေါ်ယံလွှာလေးဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဆားဓါတ်၊ ရေဓါတ်ကို ထိန်းသိမ်းပေးဖို့ ဆဲလ်တွင်းရှိ ရေဓါတ်နဲ့ ဆားဓါတ်ကို လိုသလို စစ်ထုတ်ပေးပါတယ်။ သင်က ပင်လယ်ရေကို သောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ ဆားဓါတ်လွန်ကဲမှုဖြစ်သွားပါတယ်။ အဲဒီအခါမှာ သိပ်သည်းလာတဲ့ ဆားဓါတ်ကိုပြန်ဖြေဖို့ အတွက် ဆဲလ်လေးထဲမှာရှိတဲ့ ရေဓါတ်ကို အပေါ်လွှာကစစ်ထုတ်ပေးလိုက်ပါတယ်။
အဲဒါကြောင့် ပင်လယ်ရေသောက်ရင် ရေဆာမပြေတဲ့အပြင် ရေဓါတ်ပိုပြီး မြန်မြန်ခမ်းခြောက်သွားစေပါတယ်။ ထို့နည်းတူဘဲ ရေအလွန်အကျွံသောက်ရင်လည်း ခန္ဓာကိုယ်ထဲမှာရှိတဲ့ဆားဓါတ်တွေက ရေကြောင့် သိပ်သည်းဆနည်းသွားပါတယ်။ သိပ်သည်းဆနည်းသွားတဲ့ ဆားဓါတ်ကို ဖြည့်တင်းဖို့ ဆဲလ်လေးတွေက သူတို့မှာရှိတဲ့ ဆားဓါတ်ကို စစ်ထုတ်ပေးပါတယ်။
အဲဒီအခါမှာ water intoxication ဖြစ်ပြီး သေစေနိုင်တဲ့အထိလူကို အန္တရာယ်ပေးနိုင်ပါတယ်။
Credit:Lucky Trip Tour Agent

Thursday, September 13, 2018

စပိန်နိုင်ငံမှ မြို့တွင်းတိုက်ခိုက် ပွဲတော်

စပိန်နိုင်ငံ Alicante မှ lbi မြို့လေးတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် Els Enfarinats ပွဲတော်သည် မြို့သူမြို့သားအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလေ့ ရှိကြပါသည်။ ထိုပွဲတော်တွင် အဖွဲ့နှစ်ဖွဲ့ခွဲကာ ဂျုံမှုန့်များ၊ ကြက်ဥများ၊ ရောင်စုံအမှုန့်များ၊ ဗျောက်အိုးနှင့် မီးပန်းများသုံးကာ တစ်နေ့လုံး ပျော်ရွှင်စွာ တိုက်ခိုက်ဆော့ကစားတတ်ကြပါသည်။

နှစ်စဉ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် lbi မြို့သားများသည် Els Enfarinats ပွဲတော် (သို့) Food Fight ပွဲတော်ကို ကျင်းပလေ့ရှိပါသည်။ ပွဲတော်ကျင်းပသည့်နေ့ မနက် ၈ နာရီမှစကာ အိမ်ထောင်ရှင်များ ပါဝင်သော Els Enfarinats အဖွဲ့က မြို့ကို တစ်ရက်ကြာ ထိန်းချုပ်ကြပြီး ဥပဒေအသစ် ၊ အမိန့်အသစ်များ ပြဋ္ဌာန်းကြပါသည်။ ပြဋ္ဌာန်းသော ဥပဒေများမှာ ရယ်စရာကောင်းသော ဟာသဆန်ဆန် ဥပဒေများဖြစ်ပြီး ချိုးဖောက်မနာခံသူများကို တိုက်ခိုက်ဖမ်းဆီးခြင်း ၊ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်ကြပါသည်။

အခြား La Oposicio ဟု အမည်ပေးထားသည့် အဖွဲ့က Els Engarinats အဖွဲ့၏ ဥပဒေသစ်များကို ဆန့်ကျင်တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ထိုသို့တိုက်ခိုက်ရာတွင်လည်း တစ်ဦးနှင့်တစ်ဦး စိတ်ဆိုးမှုမရှိဘဲ ပျော်ရွှင်စွာဖြင့် ဆင်နွှဲလေ့ရှိပါသည်။

ကတ်ထူစက္ကူပုံးကြီးများနှင့် ဆောက်ထားသော ရဲတိုက်ကြီးများ

ပစ္စည်းများ ထုပ်ပိုးရာတွင် သုံးသည့် ကတ်ထူစက္ကူပုံးကြီးများကို အသုံးပြုကာ ရဲတိုက်ပုံစံ အဆောက်အဦကြီးများကို ဗြိတိန်နိုင်ငံ၊ လစ်ဗာပူးမြို့တွင် တည်ဆောက်ပြသခဲ့ပါသည်။ ပြင်သစ်အနုပညာရှင် Olivier မှ လစ်ဗာပူးမြို့၏ Williamson Square တွင် ၁၃ ရာစုအစောပိုင်း မှ ၁၈ ရာစုအစောပိုင်း ကာလအတွင်း တည်ဆောက်ခဲ့ကြသည့် ရဲတိုက်အဆောက်အဦများ ပုံစံအတိုင်း တည်ဆောက်ပြသခဲ့ခြင်းပါ။ ထို ရဲတိုက်အဆောက်အဦပေါင်း ၆ ခုကို ကတ်ထူစက္ကူပုံး အလွတ်များနှင့် တိပ်ပြားများကိုသာ အသုံးပြု၍ ဆက်စပ်တည်ဆောက်ပြသခဲ့ခြင်း ဖြစ်ပါသည်။

ဆတ်ဆတ်ထိမခံတဲ့သူတွေအကြောင်း


လေ့လာချက်များအရ လူဦးရေရဲ့ ၁၅ကနေ ၂၀ရာခိုင်နှုန်းတွေဟာ တော်တော်လေးကို ဆတ်ဆတ်ထိမခံကြတဲ့သူပါ။ ဒါပေမယ့် လူတော်တော်များများဟာ အဲ့ဒါကဘာကိုဆိုလိုတာလည်းဆိုတာ မသိကြပါဘူး။ ဆတ်ဆတ်ထိမခံတတ်ကြတဲ့သူတွေမှာ တိကျပြီး မြင်သာတဲ့ အကျင့်တွေရှိကြပါတယ်။

၁။ သူတို့ဟာ လုပ်စရာအများကြီးရှိတဲ့အခါမှာ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်တတ်ကြပါတယ်။
ဆတ်ဆတ်ထိမခံကြတဲ့ သူတွေဟာ လုပ်စရာအများကြီးရှိတဲ့အခါမှာ လက်ရှိအလုပ်တစ်ခုကိုတောင် ပြီးမြှောက်အောင် လုပ်ဖို့ အတော်လေး ခဲယဉ်းသွားလေ့ရှိပါတယ်။ သူတို့ဟာ စိတ်လှုပ်ရှားလာပြီး စိတ်ဖိစီးမှု အဆင့်တိုးလာတဲ့အပြင် အကြံဥာဏ်သစ်တွေ ထုတ်လုပ်နိုင်စွမ်းလည်း လျော့ကျလာပါတယ်။

၂။ သူတို့ဟာ ဆူညံတဲ့ပတ်ဝန်းကျင်ကို ပရမ်းပတာဖြစ်တယ်လို့ တွေးတယ်။
အရမ်းကို ဆတ်ဆတ်ထိမခံတဲ့သူတွေဟာ သူတို့အနားမှာ ရှုပ်ယှက်နေတဲ့ အမြင်၊ အသံ၊ အနံ့နဲ့ လှုပ်ရှားမှုတွေအပေါ် ပိုပြီးအာရုံရောက်ပြီး ရုံးအလုပ်မှာ ကောင်းကောင်းအာရုံမစိုက်နိုင်ဖြစ်တတ်ပါတယ်။

ပညာရေးဖြင့် ခေတ်မှီသောနိုင်ငံ တည်ထောင်ခဲ့သူ

၁၉ ရာစု အစောပိုင်းကာလက ဂျပန်နိုင်ငံဟာ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံငယ်လေးတစ်ခုပါ။ ဆာမူရိုင်း ဓါးသမားတွေ၊ မိသားစုတွေ နဲ့ တိုက်ခိုက်နေကြဆဲ ကာလပေါ့..။ ဂျပန်ဧကရာဇ် အင်ပါယာ ဟာလည်း ပြောင်းလဲမှုတွေ စ လုပ်နေစဉ်ကာလ ဖြစ်ပါတယ်။ ဒတ်ခ်ျ နယ်ချဲ့ ကိုလိုနီများလည်း ရောက်ရှိလို့နေပါတယ်။

ယူကီချီ ဖူကူဇာဝါ (Yukichi Fukuzawa) ဟာ ၁၈၃၅ ခုနှစ်မှာ အဆင့်နိမ့်တဲ့ ဆာမူရိုင်းမိသားစုမှ မွေးဖွားခဲ့တဲ့ သာမန်ပြည်သူတစ်ဦးဖြစ်ပါတယ်။ အသက် (၅) နှစ်အရွယ်မှာ ဟန် (ခန်းဂျီး) စာပေ ရေးဖတ်နည်းများကို သင်ကြားခဲ့ရပြီး အသက် ၁၄ နှစ်မှာတော့ အဆင့်မြင့်တဲ့ ဂျပန်စာပေ ရေးသားနည်းများကို သင်ကြားခဲ့ရပါတယ်။ ဒါဟာ.. ဂျပန်တို့ရဲ့ ရှေး ထုံးစံ စာသင်ကြားနည်းပါပဲ။

အသက် ၁၉ နှစ်မှာ ဒတ်ခ်ျ ကိုလိုနီတွေရှိတဲ့ နာကာဆာကီသို့ အကိုဖြစ်သူနှင့်အတူ သွားရောက်ကာ ဒတ်ခ်ျ စာသင်ကျောင်းကို တက်ရောက်ခဲ့ပါတယ်။ ဒတ်ခ်ျ ဘာသာစကားကို သုံးနှစ်ကြာ တတ်ရောက်ခဲ့ပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လာတဲ့အတွက် ဇာတိမြေမှာ ဘာသာရပ် ဆရာ ပြန်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်.. သူ့အတွေးတွေထဲမှာတော့ အနောက်နိုင်ငံက ပညာရေးစနစ်နဲ့ ယဉ်ကျေးမှုတွေကို လေ့လာချင်တဲ့စိတ်များ ကိန်းအောင်းနေခဲ့ပါတယ်။

လက်ရာမြောက်လှသော မျက်နှာပြင်ပေါ်မှ ပန်းချီများ (၆)

Laura ဆိုသည့် ပန်းချီပညာရှင်တစ်ယောက်၏ စိတ်ကူးဆန်းသစ်ပုံဖော်မှုများပါ။ မျက်နှာပြင်ပေါ်တွင် လိုချင်တဲ့ ပုံရရန် နေရာချရေးဆွဲထားတဲ့ ပုံလေးများ ဖြစ်ပါတယ်။

ကိုယ်ပျောက်ဝိဇ္ဇာလေးများ

ကလေးငယ်များရဲ့ ချစ်စဖွယ်ပုန်းအောင်းနေကြပုံလေးတွေကို တင်ပေးလိုက်ပါတယ်။ ဥာဏ်ကြီးရှင် သားသားမီးမီးလေးများက အလွန်လုံခြုံစွာ ပုန်းအောင်နေကြပုံလေးတွေက တွေ့မြင်ရသူကို စိတ်ပျော်ရွှင်စေနိုင်မှာပါ။


Wednesday, September 12, 2018

အန္ဒိယ ခေါင်းတို ခွံပျော့ ရှားပါးလိပ်


ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပန်းရံစု (လေးထပ်ကြီး ဘုရားမှာ)ထူးဆန်းတဲ့ လိပ်ကြီး တွေ့ရှိ ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်ရလို့ ရှားပါး (မျိုးသုန်းပျောက်ကွယ်) တော့မယ့် အိန္ဒိယ ခေါင်းတို ခွံပျော့ လိပ် (Indian barrow-headed softshell turtle) အကြောင်း ရေးပေးလိုက်ပါတယ်။ ရှားပါးတိရိစ္ဆာန် ကာကွယ်နိုင်ဖို့အတွက်ပါ။

Chitra indica လို့ခေါ်တဲ့ ဒီမျိုးနွယ်လိပ်တွေဟာ တောင်အာရှ နဲ့ အရှေ့တောင် အာရှမှာသာရှိပြီး ရေချို မြစ်ချောင်းများမှာ နေထိုင်ကြပါတယ်။ အရွယ်အစား ကြီးမားပြီး.. ငါး၊ ဖား၊ ပုစွန် နဲ့ အခြားသေးငယ်တဲ့ ရေသတ္တဝါ နဲ့ အပင်အချို့ကို စားသုံးပါတယ်။ ( ဗီဒီယိုထဲမှာ ကလေးတွေ ချကျွေးတဲ့ ပေါင်မုန့်ကို မစားတာ တွေ့ရပါတယ်။)  စိမ်းပုပ်ပုပ် အရောင်ရှိပြီး လည်ပင်းရဲ့ အရှေ့ပိုင်းဟာ အင်္ဂလိပ်အက္ခရာ "V” ပုံစံမျိုး ဖြစ်ပါတယ်။ ရေအောက် သဲမြေအောက်မှာ အများဆုံး နေထိုင်လေ့ရှိပြီး သူ့ရဲ့ ချွန်နေတဲ့ နှာခေါင်းလေးပဲ ဖော်ထားတတ်ပါတယ်။

မူးယစ်ဆေးဝါး စံချိန်တင် ရှာဖွေပေးနိုင်ခဲ့လို့ မူးယစ်ဆေးဝါးဂိုဏ်းရဲ့ ဆုကြေးထုတ်ခြင်းခံရတဲ့ အနံ့ခံခွေးမလေး


ကိုလံဘီယာ ရဲတပ်ဖွဲ့ရဲ့ ခွေးမလေးဟာ ကိုကင်း ၁၀ တန် နီးပါးလောက် အနံ့ခံ ရှာဖွေဖော်ထုတ်နိုင်ခဲ့လို့ မူးယစ်ဆေးဝါးဂိုဏ်းက သူ့ခေါင်းကို ဆုကြေးငွေ ထုတ်ထားပါတယ်။ ဂျာမန်သိုးထိန်းခွေးဖြစ်တဲ့ ခွေးမလေး ဆွန်ဘရာ(အရိပ်ဟု အဓိပ္ပာယ်ရ)ဟာ ကိုလံဘီယာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့အတူ စစ်ဆင်ရေး ၃၀၀ ကျော်မှာ ပါဝင်လှုပ်ရှားခဲ့ပြီး မူးယစ်ဆေးဝါးတွေ စံချိန်တင် ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။

၆ နှစ်အရွယ်ရှိတဲ့ ခွေးမလေး ဆွန်ဘရာဟာ တာဘိုမြို့မှာ ကိုကင်း ၅.၃ တန် ရှာဖွေပေးနိုင်ခဲ့ပြီး သိပ်မကြာသေးခင်ကလည်း ကားအပိုပစ္စည်းတွေထဲမှာ လျှို့ဝှက်ထည့်သွင်းထားတဲ့ ကိုကင်း ၄ တန် ရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ တာဘိုမြို့ဟာ အမေရိကတိုက်အလယ်ပိုင်းနဲ့ အမေရိကန်နိုင်ငံကို စပိဘုတ်တွေ၊ ရေငုပ်သင်္ဘောတွေနဲ့ မူးယစ်ဆေးဝါး တင်ပို့ရာနေရာတစ်ခု ဖြစ်ပါတယ်။

မက္ကစီကိုမှာ ငလျင်လှုပ်ပြီးနောက် နှစ် ၉၀၀ နီးပါးသက်တမ်းရှိ ဘုရားကျောင်း ရှာဖွေတွေ့ရှိ


မက္ကစီကိုမှာ ယမန်နှစ် စက်တင်ဘာလအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပိရမစ်တစ်ခု ထိခိုက်ပျက်စီး အခြေအနေကို သိရှိနိုင်ရန် စစ်ဆေးခဲ့ကြရာမှ နှစ်ပေါင်း ၉၀၀ နီးပါး သက်တမ်းရှိတဲ့ ရှေးခေတ်ဘုရားကျောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

ရှေးဟောင်းသုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ ဘုရားကျောင်းဟာ မက္ကစီကိုမြို့တော်တောင်ဘက် ၄၃ မိုင်အကွာ မိုရီလော့စ်ပြည်နယ်အတွင်းရှိ Teopanzolco ပိရမစ်အတွင်း တည်ရှိနေတာ ဖြစ်ပါတယ်။

ဖြစ်ရပ်မှန် ရုပ်ရှင်ကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ (၁) နှင့် (၂)


တကယ့် အဖြစ်အပျက်တွေကို ရုပ်ရှင်ရိုက်ဖို့ဆိုရင် ဒါရိုက်တာတွေဟာ ရုပ်ရှင်စမရိုက်ခင် တချို့သော လေ့လာ ဆန်းစစ်ချက်တွေကို ပြုလုပ်ရပါတယ်။ တကယ့် အဖြစ်အပျက်ကနေ သွေဖယ်မသွားရအောင်နဲ့ ကြည့်ရှုသူ စိတ်ဝင်စားစေဖို့အတွက် တချို့သော အကြောင်းအရာတွေကို ချန်လှပ်ထားခဲ့လေ့ရှိတာကြောင့် ဒီထဲကမှ တချို့သော ဖြစ်ရပ်မှန် ဇာတ်ကားတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Catch Me If You Can (2002)

ပုံတူကူး ပညာရှင်တယောက်ဖြစ်တဲ့ Frank Abagnale ကို FBI ကဖမ်းဖို့ကြိုးစားတဲ့ ဒီရုပ်ရှင်ရဲ့ တကယ့် အဖြစ်အပျက် မှာတော့ Frank အိမ်ကထွက်ပြေးတဲ့အချိန်အထိ သူ့ဖခင်ကို တခါမှ မမြင်ဖူးခဲ့ပါဘူး။ ဒါရိုက်တာက သားနဲ့အဖေကြားက မေတ္တာကို ပြသချင်တာကြောင့် ရုပ်ရှင်ထဲမှာ Frank ဟာသူ့ဖခင်နဲ့ လက်ပွန်းတတီး ရှိခဲ့ပါတယ်ဆိုတာကို ရိုက်ပြခဲ့ပါတယ်။ နောက်တခုကတော့ တကယ့် Frank ဟာ ပထမအကြိမ် FBI ကဖမ်းမိခဲ့စဉ်က ထောင်ဖောက်လွတ်မြောက်ခဲ့ဖူးတယ် ဆိုတဲ့ အချက်ကို FBI ရဲ့ပုံရိပ်ထိခိုက်မှာစိုးတဲ့အတွက်ကြောင့် ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နာမည်ကြီး မင်းသားနှစ်လက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

လူအများစု မသိသေးတဲ့ အမေရိကန် ပြည်ထောင်စု အကြောင်း


ရှုပ်ထွေးကျယ်ပြန့်လှတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အမေရိကန်လူမျိုးတွေ အကြောင်းတွေထဲကမှ လူအများစု မသိကြသေးတဲ့ အကြောင်းအရာတချို့ကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

(၁) အမေရိကန်နိုင်ငံမှာ တနေ့ကို ပျမ်းမျှအားဖြင့် ကြက်သားစားသုံးမှုနှုန်းဟာ ကြက်အကောင်ရေ ၂၂ သန်း အထိ ရှိပါတယ်။

(၂) အမေရိကန်ရဲ့ ဘဏ္ဍာရေးဌာနထက် Apple ကုမ္ပဏီက ဝင်ငွေ ပိုများပါတယ်။

(၃) အမေရိကန်နိုင်ငံမှာ ၁၈၃၆ ခုနှစ် မတိုင်ခင်အထိ ခရစ်စမတ်ပွဲတော်ကို တရားမဝင် ပွဲတော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

(၄) အမေရိကန်နိုင်ငံမှာ လင်မယားပြတ်စဲ ကွာရှင်းမှု နှုန်းထားဟာ တနာရီမှာ အရေအတွက် ၁၀၀ ခန့် ရှိပါတယ်။

စက္ကူနဲ့လုပ်ထားတဲ့မြန်မာနိုင်ငံကဆင်ရုပ် ဂင်းနစ်စံချိန်ဝင်


စက္ကူနဲ့လုပ်ထားတဲ့မြန်မာနိုင်ငံက ဆင်ရုပ်က ဇူလိုင်လ ၁၆ ရက်နေ့မှာ ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ အဲ့ဒီစက္ကူ ဆင်ရုပ်က အလျား ၅.၇၈ မီတာ၊ အမြင့် ၅. ၅၉ မီတာ နဲ့ အနံ ၂. ၁၅ မီတာရှိပါတယ်။ မြန်မာနိုင်ငံက အနုပညာဖန်တီးသူ အာကာကျော်နဲ့ စက္ကူရုပ်ပညာရှင် ဦးမြင့်ဆွေတို့က ဖန်တီးခဲ့တာဖြစ်ပြီးတော့ စက္ကူနဲ့လုပ်တဲ့ ကမ္ဘာ့အကြီးဆုံးဆင်ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ ကိုယ်ထည်ကို ၀ါးတွေနဲ့ အခြေခံပြီးဖန်တီးထားပြီးတော့ အပေါ်ကကိုယ်ထည်ကို သတင်းစာဟောင်းတွေကို အသုံးပြုထားတာပါ။

"ဂင်းနစ်စံချိန်ဝင်ဖို့အတွက်ကိုတော့ ဖန်တီးပြီးသုံးလလောက်အကြာမှာ သူ့ရဲ့အတိုင်းအတာတွေကို ပုံတွေကောကို ပို့ထားတဲ့ဟာကို လက်ခံမခံအကြောင်းပြန်ပါတယ်။ အကြောင်းပြန်ပြီးတော့မှ professional surveyor တွေက လာကြည့်ပြီးတော့ မှ လက်ခံ၊ မခံကို နောက်၃ လကြာပြီးမှ ပြန်အကြောင်းပြန်တာပါ။ စုစုပေါင်း အချိန်ခြောက်လကြာပြီးတော့မှ ဂင်းနစ်စံချိန်ဝင်မ၀င်ကို အကြောင်းပြန်တာပါ။ သူတို့ဘက်ကနေပြီး official certificate ပို့ပေးပါလိမ့်မယ်။" လို့  အဲ့ဒီအရုပ်ကို ဖန်တီးရာမှာပါဝင်ခဲ့တဲ့ WWF Myanmar က Senior Communications officer ကိုရဲမင်းသွင်က ဓူဝံကို ပြောပါတယ်။

ရေနေတွားသွားသတ္တဝါ Ichthyosaur ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို အိန္ဒိယမှာ ပထမဆုံးတူးဖော်ရရှိခဲ့

အိန္ဒိယနိုင်ငံက သိပ္ပံပညာရှင်များဟာ အိန္ဒိယနိုင်ငံ အနောက်စွန်ဆုံးမှာ တည်ရှိတဲ့ ဂူဂျာရတ် ပြည်နယ်ရဲ့ နောက်ပိုင်းမှာ မျိုးသုဉ်းသွားပြီဖြစ်တဲ့ ပင်လယ်သွားတွားသတ္တဝါ Ichthyosaur ရဲ့ နှစ် ၁၅၂ သန်း သက်တမ်းရှိပြီဖြစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို တူးဖော်တွေ့ရှိခဲ့ပါတယ်။
ဒါဟာ ichthyosaur လို့ခေါ်တဲ့ တွားသွားပင်လယ်နေသတ္တဝါတစ်မျိုးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို အိန္ဒိယနိုင်ငံမှာ ပထမဆုံးအကြိမ်တွေ့ရှိခြင်းလည်း ဖြစ်ပါတယ်။ ဒီကျောက်ဖြစ်ရုပ်ကြွင်းကို တွားသွားသတ္တဝါတွေ အားအကြီးဆုံးဖြစ်ခေတ်ဖြစ်တဲ့ Mesozoic ခေတ်ကတည်းကဖြစ်ပေါ်ခဲ့တဲ့ ကျောက်တုံးတစ်တုံးထဲမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။
တူးဖော်မှုကို ဦးဆောင်သူ ပါမောက္ခ VR ပရာဆတ် ကတော့ ၁၈ ပေခန့်ရှည်လျားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုလုံးနီးပါးကို တူးဖော်ပြီးပြီဖြစ်ပေမဲ့ ဦးခေါင်းရိုးနဲ့ အမြီးရိုးကိုတော့ မတူးဖော်ရသေးဘူးလို့ဆိုပါတယ်။