Pages

Tuesday, October 30, 2018

ကြောင်နင်းဂျားလေးများရဲ့ တိုက်ကွက်ဆန်းများ

ဂျပန်ဓာတ်ပုံပညာရှင် Hisakata Hiroyuki ရဲ့ အချိန်ပေးကာ ခက်ခက်ခဲခဲရိုက်ကူးထားရတဲ့ ပုံများ ဖြစ်ပါတယ်။ သူဟာ ကြောင်လေးများရဲ့ လျပ်တပြတ်လှုပ်ရှားမှုများကို အမိအရရိုက်ယူထားခဲ့ခြင်း ဖြစ်ပါတယ်။ သူရဲ့ပုံလေးများထဲမှ ကြောင်လေးတွေဟာ လေပေါ်မှာပျံဝဲ တိုက်ခိုက်နေတဲ့ ကြောင်နင်းဂျားလေးများအလား ထင်မှတ်စရာပါ။

မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရား (သို့) ပြည်ချစ်ဘုရားကြီး

ပြင်ဦးလွင် (မေမြို့)မြို့သည် အေးချမ်းလှပသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သလို လည်ပတ် ဖူးမျှော်စရာ နေရာဒေသ အများအပြားရှိသည့် မြို့တစ်မြို့ပင် ဖြစ်ပါတယ်။ တောင်လှေကား ၊ ပန်းမြို့တော် ၊ မေမြို့နှင့် ပြင်ဦးလွင် စသည်ဖြင့် အမည်များစွာဖြင့် မြန်မာတွင်မက ကမ္ဘာတွင်ပါ ကျော်ကြားလှတဲ့ လှပတဲ့မြို့ကလေးပါ။ ထိုပြင်ဦးလွင်မြို့သို့ ရောက်ဖူးသူတိုင်း လာရောက်ဖူးမျှော်တတ်တဲ့ နေရာတစ်နေရာကတော့ ပြည်ချစ်ဘုရား (ခေါ်) မဟာအံ့ထူးကံသာ ဆုတောင်းပြည့်မြတ်စွာဘုရားကြီးပင် ဖြစ်ပါတယ်။ မဟာအံ့ထူးကံသာဘုရားကြီးသည် ပြင်ဦးလွင် မြို့မှ လားရှိုးမြို့သို့ အသွားလမ်းပေါ် ရေငယ်ကျေးရွာအလွန်၊ ဓမ္မရတီကုန်းမြင့်နေရာပေါ်တွင် ကြည်ညိုသပ္ပါယ်ဖွယ် တည်ရှိနေပါတယ်။
မဟာအံ့ထူးကံသာဘုရားကြီး၏ ကျော်ကြားလူသိများရခြင်းမှာ ပြည်ချစ်ဘုရားဟူသော ဘွဲ့ထူးကြောင့်လည်း ဖြစ်ပါတယ်။ မဟာအံ့ထူးကံသာဘုရားကြီးသည် ဉာဏ်တော်အမြင့် ၁၅ ပေ၊ ဒူးခေါင်းတော်အကျယ် ၈ ပေ ၆ လက်မနှင့် အလေးချိန် ၁၇ တန်ခန့်ရှိပြီး ကြည်ညိုသပ္ပါယ်ဖွယ် ထုဆစ်ပူဇော်ထားသည့် ကျောက်ဆင်းတု ရုပ်ပွားတော် ဖြစ်ပါသည်။

မုခ်ဦးတံတိုင်းသို့ ၀င်လိုက်သည်နှင့် ကုန်းမြင့်ပေါ်၌ တည်ထားသော မဟာအံ့ထူးကံသာဘုရားကြီး ကိန်းဝပ်စံပယ်ရာ ဂန္ဓကုဋိတိုက်စေတီတော်ကို ကြည်ညိုဖွယ် ဖူးမျှော်ရပါမည်။ ဘုရားကြီးသည် ကျယ်ဝန်းသော ၀တ္တကမြေအတွင်း တည်ရှိနေပါသည်။

ကမ္ဘာတစ်လွှားမှ လှပဆန်းပြားသော တံတားများ

ကမ္ဘာ့နေရာဒေသ အသီးသီးရှိ လှပပြီး ဒီဇိုင်းဆန်းပြားတဲ့ တံတားများကို Album တစ်ခုအဖြစ် စုစည်းတင်ပြပေးပါမယ်။ တံတားဆိုလျှင် လူအများ ဖြတ်သန်းသွားလာယုံသာမက မျက်စိပသာဒဖြစ်ကာ စိတ်ရွှင်လန်းချမ်းမြေ့စေရန် ဖန်တီးပုံဖော်ထားကြပုံများကို တွေ့မြင်ရမှာပါ။ ထို့ပြင် ခေတ်အဆက်ဆက် သမိုင်းဝင် ရှေးဟောင်းတံတားကြီးများကိုလည်း တစ်ပါတည်း ထည့်သွင်းထားပါတယ်။
January 26, 2012 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။

Henderson Waves Bridge… စကာၤပူ


တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ အိုလံပစ်တံတား

အိုဇုန်းလွှာ (သို့) ကမ္ဘာမြေ၏ ထီး

အိုဇုန်းလွှာဆိုသည်နှင့် ကျွန်ုပ်တို့ကမ္ဘာပေါ်ရှိ အပင်နှင့် သက်ရှိသတ္တ၀ါအားလုံး အသက်ရှင်ရပ်တည်နိုင်ဖို့ ကာကွယ်ပေးထားသော လေထုအလွှာဖြစ်ကြောင်း သိကြပါသည်။ ထိုအိုဇုန်းလွှာ၏ ဖြစ်တည်မှုအကြောင်းအရာများ ၊ သဘောသဘာဝများ နှင့် ကမ္ဘာ့လေထုလွှာ လေးခုအကြောင်းကိုပါ တင်ပြပေးချင်ပါသည်။ အိုဇုန်းအလွှာ ဆိုတာကတော့ ကမ္ဘာ့လေထုအလွှာများထဲမှ နေရောင်ခြည် (ခရမ်းလွန် ရောင်ခြည်) Ultraviolet Radiations (UV Rays) များကို စုပ်ယူတဲ့ နေရာဖြစ်ပါသည်။

ကျွန်ုပ်တို့ ကမ္ဘာမြေကြီးကို လေထုအလွှာများက ၀န်းရံထားပါသည်။ ကမ္ဘာမြေတွင် အဓိကလေထုအလွှာ လေးခုရှိပြီး အပင်နှင့် သက်ရှိသတ္တ၀ါများအတွက် မရှိမဖြစ်အရေးပါသော အိုဇုန်းလွှာသည် စထရာတို စဖီးယား (The Stratosphere) အလွှာထဲတွင် သဘာဝအတိုင်း တည်ရှိနေပါသည်။ ကမ္ဘာမြေ၏ ပင်လယ်ရေမျက်နှာပြင်အထက် ၁၉ မိုင် မှ ၂၅ မိုင် ( ၃၀ ကီလိုမီတာ မှ ၄၀ ကီလိုမီတာ) ခန့်တွင် ရှိနေပါသည်။ အထူကတော့ ရာသီဥတု နှင့် ပထဝီ အနေအထားပေါ်တွင် မူတည်၍ ပြောင်းလဲမှု ရှိပါသည်။

အိုဇုန်းဆိုတာ အောက်ဆီဂျင် အက်တမ် သုံးခု ပေါင်းထားတဲ့ (O3) ဓါတ်ငွေ့ကို ခေါ်တာဖြစ်ပါသည်။ ထိုအိုဇုန်းလွှာသည် နေမှလာသော UV-B နဲ့ UV-C ရောင်ခြည်တွေကို ကာကွယ်ပေးပါသည်။ တစ်နည်းအားဖြင့် ခရမ်းလွန် ရောင်ခြည်များ၏ ၉၇ ရာခိုင်နှုန်း မှ ၉၉ ရာခိုင်နှုန်း အထိကို စုပ်ယူ ပေးပါသည်။