Pages

Wednesday, October 16, 2019

သုံးနိုင်ငံနယ်စပ်ရှိ ထိပ်ပြားနေသော တောင်ကြီး

     Mount Roraima အမည်ရှိ တောင်ကြီးဟာ ထိပ်ပြားနေသော ပုံစံကြောင့် ကျော်ကြားလှပါတယ်။ တောင်အမေရိကတိုက်ရဲ့ tepui ကုန်းမြင့်တောင်တန်းများရဲ့ အမြင့်ဆုံးတောင်အဖြစ် တည်ရှိနေပါတယ်။ ထိုထိပ်ပြားနေတဲ့တောင်ကြီး တည်ရှိရာနေရာဟာ ဗင်နီဇွဲလား ၊ ဘရာဇီး နဲ့ ဂူရာနာနိုင်ငံတို့ရဲ့ သုံးနိုင်ငံနယ်စပ်မှာ ရှိနေတာပါ။

     ၁၅၉၅ ခုမှာအင်္ဂလိပ်လူမျိုး Sir Walter Raleigh ကစတင်တွေ့ ရှိခဲ့ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် 2,810 m (9,220 ပေ) အမြင့်ရှိပါတယ်။ တောင်ထိပ်ဟာ ၃၁ စတုရန်းကီလိုမီတာ (၁၂ စတုရန်းမိုင်) အထိကျယ်ဝန်းပါတယ်။ ထိပ်ပြားနေတဲ့ တောင်ထိပ်ပိုင်း အနားသတ်ချောက်ကမ်းပါးများဟာ 400 metres (1,300 ပေ) အမြင့် ရှိပါတယ်။ ဒါကြောင့်ပင် ထိပ်ပြားပြား တောင်ကြီးကို ထင်ထင်ရှားရှား တွေ့မြင်ရစေပါတယ်။

     ကမ္ဘာမှာ ထိုကဲ့သို့ ထူးထူးခြားခြား ထိပ်ပြားနေတဲ့ တောင်ကြီးများ ရှိပါတယ်။ အထူးသဖြင့် တောင်အာဖရိကမှ Table Mountain ဟာ ကျော်ကြားလှပါတယ်။ ယခု Mount Roraima တောင်ကြီးဟာ ပိုမြင့်သလို ထိပ်ပြားနေသော တောင်များတွင် အကြီးဆုံးလို့လည်း ဆိုကြပါတယ်။