အလွန် အံ့သြဖွယ် ကောင်းပြီး နည်းပညာ
မြင့်မားသည့် စူပါကား တစ်စီးက ကမ္ဘာ့အမြန်ဆုံး အရှိန်ဖြင့်
မောင်းနှင်နိုင်သည့် ကားအဖြစ် ၂ဝ၁၃ ခုနှစ်တွင် စံချိန်သစ် တင်ခဲ့သည်။
အဆိုပါ ကားမှာ မြင်းကောင်ရေ ၁၂၄၄ ကောင် အင်အားရှိသည့် 7-litre V8
အင်ဂျင်တပ်ဆင် ထားသည့် အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်သား တစ်ဦးမှ
ထုတ်လုပ်လိုက်သည့် Hennessey Venom GT ကားဖြစ်သည်။
Pages
▼
Saturday, February 23, 2013
စိမ်းပြာရောင်ကမ်းခြေ- Navagio beach
ပန်းချီကားမဟုတ်ပါဘူး။ အပြင်မှာ တကယ်ရှိပါတယ်။ ဂရိနိုင်ငံ အနောက် ပိုင်း Zakynthos ကျွန်းမှာ တည်ရှိတဲ့ ကမ်းခြေတစ်ခု ဖြစ်ပြီး Navagio လို့ခေါ် ပါတယ်။
ပုံမှာမြင်တွေ့ရတဲ့အတိုင်း ကျောက်ကမ်းပါးများ ဝန်းရံထားတဲ့ ရေပြင်ဟာ သီးသန့် နီးပါးခွဲထွက်ပြီး စိမ်းပြာရောင် ရေပြင်လို ဖြစ်နေပါတယ်။ အမှန်တော့ ကမ်းခြေပတ်လည်အနီး ရေအောက် ကြမ်းပြင်မှာ အရောင်လက် ကျောက်စရစ်ခဲ များရှိနေပြီး ကောင်းကင်အပြာရောင် ရောင်ပြန်ဟက် ရောစပ် သွားမှု ဖြစ်ပြီး နေရောင်ခြည်ထိုးဖောက်လိုက်ေ
တောက်ပသော အရောင်များဖြင့် ထူးခြား ဆန်းကြယ်သည့် ပင်လယ်ရေကြွက်
သက်ရှိများ နေထိုင်ရာ ကမ္ဘာကြီးမှာ
ထူးခြား ဆန်းကြယ်မှု များနှင့် ပြည့်နှက်လျက် ရှိသည်။ အထူးသဖြင့် လူသားတို့
သွားရောက် လေ့လာရန် ခက်ခဲသည့် တောနက်ကြီးများ၊ တောင်ပေါ် ဒေသများနှင့်
သမုဒ္ဒရာ အတွင်း နေထိုင်ကျက်စား ကြသည့် သတ္တဝါများမှာ အလွန်ထူးခြား
များပြားလှသည်။
အဏ္ဏဝါ ချစ်သူများ အနေဖြင့် သမုဒ္ဒရာ အတွင်း
ရေနက်ပိုင်းတွင် နေထိုင် ကျက်စားသည့် တောက်ပသော အရောင်အသွေး ဖြင့် လှပသော
ပင်လယ် ရေကြွက်ကို ဗဟုသုတ ဖြစ်ဖွယ် တင်ဆက်လိုက်ပါသည်။
ခန္ဓာကိုယ် တစ်ခုတည်းတွင် ဦးခေါင်းနှစ်လုံး ပါသော အံ့သြဖွယ် ကောင်းသည့် ရေပုတ်သင် မျိုးစိတ်
ဘာလင် ဖေဖော်ဝါရီ ၁၇
မျိုးရိုးဗီဇ ချို့ယွင်းချက်ကြောင့်
ဖြစ်ပေါ်လာသော ထူးခြား ဆန်းကြယ်သည့် ခန္ဓာကိုယ် တစ်ခုနှင့် ဦးခေါင်း
နှစ်လုံး ပါရှိသော ရေပုတ်သင် မျိုးစိတ်ကို ပုဂ္ဂလိက မွေးမြူသူ တစ်ဦးက
ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရေပုတ်သင်၏ သက်တမ်းမှာ
ခြောက်လမျှသာ အသက်ရှင် နေနိုင်ကြောင်းနှင့် ၎င်းကို အစာကျွေး ရာတွင် ပါးစပ်
နှစ်ပေါက် စလုံးသို့ ကျွေးရကြောင်း မွေးမြူသူက ပြော ကြား ခဲ့သည်။
ဂျစ်ပ်စီတွေရဲ့၂၀၁၁ Khamoro ပွဲတော်
Prague မှာ ၂၀၁၁ ခုနှစ် မေ ၂၆ ရက့်တုန်းက ကမ္ဘာ့ ရိုးမား ဂီတနဲ့ အက ပွဲတော်ဖြစ်တဲ့ Khanmoro ၂၀၁၁ ပွဲတော် ကို အိန္ဒိယမှ Rabari gypsies တွေက ဆင်နွဲခဲ့ပါတယ် ။ နိုင်ငံပေါင်း ၁၉ နိုင်ငံက ၁၀၀ ကျော်တဲ့ အနုပညာ ရှင်တွေဟာ ဒီ Khamoro ပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့ပါတယ် ။
ကိုစတာရီကာ နိုင်ငံရှိ တရုတ် စားဖိုမှူးများ ဖန်တီးထားသော ဧရာမ ထမင်းကြော် ပွဲကြီး ကမ္ဘာ့ အကြီးဆုံး အဖြစ် စံချိန်တင်
ဆန်ဟိုဆေး ဖေဖော်ဝါရီ ၂၁
ကိုစတာရီကာ နိုင်ငံရှိ တရုတ် စားဖိုမှူး
များသည် တရုတ်ရိုးရာ မြွေနှစ်သစ်ကူး အခါ သမယကို ကြိုဆိုသည့် အနေဖြင့်
ဖေဖော်ဝါရီ ၁၂ ရက်က ဧရာမ ထမင်းကြော် ပွဲကြီးကို ဖန်တီး ကြော်လှော်၍ ကမ္ဘာ့
အကြီးဆုံး အဖြစ် စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။
ချစ်သူများနေ့ အလွန်၌ နိုင်ငံပေါင်း ၇၀ကျော်မှစုံတွဲ ၃၅၀၀ကအစုလိုက် အပြုံလိုက်လက်ထပ်ကြ
ချစ်သူများနေ့အလွန် ဖေဖော်ဝါရီလ ၁၅ရက်နေ့၌ နိုင်ငံပေါင်း ၇၀ကျော်မှ စုံတွဲ၃၅၀၀က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် အစုလိုက်အပြုံလိုက် လက်ထပ်ခဲ့ကြသည်။ ဘာသာစကားမတူ ကွဲပြားသော အဆိုပါစုံတွဲများသည် ဆိုးလ်မြို့ရှိ ဂက်ယောင်းဒေသတွင် ခရစ်ယာန်ဘုရားကျောင်း တည်ထောင်ခဲ့သူ ဆန်မြန်မွန်း အမှတ်တရအဖြစ် လက်ထပ်ခဲ့ကြသည်။ ယင်းသို့ အစုလိုက်အပြုံလိုက် လက်ထပ်သူများတွင် အခိျု့စုံတွဲများတွင် အချင်းချင်း ချစ်ကြိုက်ကြသည်မှာ ရက်ပိုင်းသာ ရှိသေးသည်ဟု အဆိုပါမင်္ဂလာပွဲမှ တွေ့ဆုံမေးမြန်းမှုများ အရသိရသည်။
နေစရာအိမ်မရှိ၍ သင်္ချိုင်းမြေရှိ အုတ်ဂူထဲတွင် ၁၅နှစ်ကြာ နေထိုင်ခဲ့သူ
လွန်ခဲ့သည့် ၁၅နှစ်ခန့်က နေစရာအိမ် မရှိတော့သဖြင့် သင်္ချိုင်းမြေဟောင်း တစ်ခုထဲတွင် နေထိုင်ခဲ့သူ အသက်၄၃နှစ်အရွယ် ဆားဘီးယားနိုင်ငံသား ဘရာတစ်ဆလဗ်စတို ဂျန်နိုဗစ်ဆိုသူက လူသေများနှင့် သရဲများထက် သက်ရှိလူသားများကို ပိုကြောက်သည် ဟုဆိုလိုက်သည်။
အိုင်းစတိုင်းနှင့် ကမ္ဘာကျော် ဥာဏ်ကြီးရှင်များထက် အင်္ဂလန်သူလေးက ဥာဏ်ပိုကောင်း
အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း အဆက်ဒေသမှ လောက်တွန် အထက်တန်းကျောင်းသို့ ယခုလ အစောပိုင်းတွင် ဗြိတိန်ရှိ နာမည်ကျော် မန်ဆာဥာဏ်စမ်းအဖွဲ့မှ ဥာဏ်ရည်ဥာဏ်သွေး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျောင်းသူတစ်ဦးသည် ဥာဏ်ရည်ဥာဏ်သွေး ရမှတ်၁၆၁မှတ်ရရှိပြီး ဥာဏ်ကြီးရှင် အိုင်းစတိုင်းအပါအ၀င် ပါမောက္ခ စတီဖင်ဟော့ကင်း၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်တို့ထက် သာလွန်ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။
နောက်ဆုံးလက်ကျန်ငွေကို အသုံးပြုပြီး အလုပ်ရှာဆိုင်းဘုတ် ထောင်လိုက်တဲ့ လန်ဒန်မြို့သား
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ရှောဒစ်ရပ်ကွက်၏ လူသွားလူလာများသော နေရာတွင် အသက်၂၄နှစ်အရွယ်ရှိ အဒမ်ပါစီတီဆိုသူ ဘွဲ့ရတစ်ဦးသည် အလုပ်လက်မဲ့ ဖြစ်နေသဖြင့် ၎င်း၏ရှိစုမဲ့စုငွေပေါင် ၅၀၀ကိုသုံးပြီး အလုပ်လိုချင်ကြောင်း ကြော်ငြာဆိုင်းဘုတ်ကြီး တစ်ခုထောင်လိုက်သည့် သတင်းက ကမ္ဘာ့သတင်း စာမျက်နှာများပေါ်တွင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။ အဒမ်ပါစီတီ၏ ဆိုင်းဘုတ်ပေါ်တွင် သူ၏ဓာတ်ပုံနှင့်အတူ ''ကျွန်တော်ရဲ့ နောက်ဆုံးငွေ၅၀၀သုံးပြီး ဒီဆိုင်းဘုတ်ကို ထောင်လိုက်ရပါတယ်။ ကျွန်တော့်ကို အလုပ်တစ်ခုပေးကြပါ''ဟု ရေးသား ဖော်ပြထားကြောင်း သိရသည်။
ရေခဲကျောက် တိုင်များအပေါ် အထိုင်ပြိုင်ပွဲကျင်းပ
ဆောင်းရာသီ ပျော်ပွဲ၊ ရွှင်ပွဲများအပြင် ရေခဲကျောက်တိုင်များ အပေါ်တွင်အထိုင် ပြိုင်ပွဲများကို ဆွီဒင်နိုင်ငံ မြောက်ပိုင်း၌ ဖေဖော်ဝါရီ၇ရက်မှ စတင်၍ကျင်းပ ပြုလုပ်ခဲ့ကြသည်။