Pages

Sunday, December 13, 2015

ဒဏ္ဍာရီလာ သတ္တ၀ါဆန်းလား...Montauk Monster

http://i.imgsafe.org/e61e5a5.jpg
၂၀၀၈ ခုနှစ် ဇူလိုင်လ အတွင်း၌ အမေရိကန်နိုင်ငံ မွန်းတောက်ခရိုင်(Montauk)
အတွင်း ကမ်းခြေပေါ်တွင် အမျိုးအမည်မသိသော သတ္တ၀ါဆန်းတစ်ကောင်
လာရောက်သောင်တင်နေပါသည်။ ပထမဆုံး စတင်တွေ့ရှိခဲ့သူများမှာ
Montauk မြို့မှ အသက် ၂၆ နှစ်အရွယ် Jenna Hewitt နှင့် သူငယ်ချင်းသုံးယောက်
ကမ်းခြေတွင် လမ်းလျောက်နေရင်း အမှတ်မထင်တွေ့ရှိခဲ့ကြတာပါ။
ထိုသတ္တ၀ါသည် ပုံပါအတိုင်း ခွေးကဲ့သို့ခန္ဓာကိုယ် ရှိနေပြီး ခေါင်းပိုင်းကတော့
ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေပါသည်။ မည်သည့်သတ္တ၀ါဟု အမျိုးအမည်မသိ
သဖြင့် မွန်းတောက် မွန်းစတား ( Montauk Monster )ဟုသာ သတင်းစာစောင်
များတွင် ပါလာပါသည်။
http://i.imgsafe.org/b8dffef.jpg