အမေရိကန်ပြည်ထောင်စု
နယူးယောက်မြို့တွင် ဘန်ဂျယ်လစ်အင်ကာပေတိုး(၂၆ နှစ်)သည် အနောက် ၄၅
လမ်းရှိသူ၏နေအိမ်ဖြစ်သောပေ ၁၀၀ မြင့်သည့်
ကိုးထပ်တိုက်ပေါ်မှအောက်သို့ခုန်ချကာ သေကြောင်းကြံခဲ့သော်လည်း အောက်တွင်
စုပုံထားသည့် မသိမ်းရသေးသော အမှိုက်အိတ်များပေါ်သို့ ပြုတ်ကျကာ
အသက်မသေခဲ့ကြောင်း သိရသည်။ သူ့အား ဘယ်ဗူးဆေးရုံသို့ပို့ခဲ့ရာ သူ၏အခြေအနေမှာ
စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။ အောက်တွင်စုပုံထားသော
အမှိုက်အိတ်များသည် ခြောက်ပေအထိ မြင့်သောကြောင့် သူ၏အသက်ကို
ကယ်ဆယ်နိုင်ခဲ့သည်ဟု ဆိုသည်။
@ပြည်မြန်မာ ဂျာနယ်
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။