Pages

Tuesday, June 5, 2012

ကမ္ဘာ့အရှည်လျားဆုံးရထားလမ်း

တရုတ်တို့ ရထားလမ်း အိပ်မက် အကောင်ထည်ဖော်နိုင်ခဲ့ပြီ

တရုတ်ပြည့်သူ့သမ္မတနိုင်ငံဟာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်ကတည်း က ရည်မှန်းထားတဲ့ ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်ပြည်ဟာရထားလမ်းအရှည်လျားဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ဖြစ်နေပါပြီ။၁၈၇၆ခုနှစ်က တရုတ်နိုင်ငံမှ ပထမဆုံး ရထားလမ်းကို အဂ်လိပ်ကုန သည်တွေက ဖောက်လုပ်ပေးခဲ့ပါတယ်။ စတင်ဖောက်လုပတုန်းက ၁၅ကီလိုမီတာသာ ရှည်လျားပါတယ်။စ်နှစ်ပြီးတစ်နှစ်ကြိုးပမ်းလာ ရာက ၁၉၄၉ ခုနှစ်မှာ ကီလိုမီတာ ၂၁၈၀၀ အထိရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဖြစ်နေတဲ့အတွက် ရထားလမ်းရဲ့ကီလိုမီတာ တစ်ထောင်ကျော်မျှ သာ အသုံးပြုခွင့်ရှိခဲ့ပါတယ်။

အခုချိန်မှာတော့ တရုတ်ပြည်တွင်းရှိ ပြည်နယ်ဒေသတိုင်းကို ရထားလမ်းနဲ့ချိတ်ဆက်ပေးနိုင်ခဲ့ပါပြီ။ တောင်ကုန်းထူထပ်တဲ့ တရုတ်နိုင်ငံမှာ အခုလို ရထားလမ်းကို နိုင်ငံအနှံ့တည်ဆောက်ဖို့ ဆိုတာမလွယ်ကူလှ ပါဘူး။ အခုတော့ တရုတ်တို့လုပ်ဆောင်နိုင်ခဲ့ပါ ပြီ။

အခုဆို ဒေသတွင်းပို့ဆောင်ရေးအတွက် ရထားလမ်းဟာ အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ နည်းပညာအဆင့်မြင့်ပြီး၊ လုံခြုံစိတ်ချရတဲ့ ရထားလမ်းများကို ပိုင်ဆိုင်ထားနိုင်တဲ့ တရုတ်နိုင်ငံ ရဲ့ ဖွံ့ဖြိုးမှုဟာ အင်မတန်ပဲ လေးစားစရာကောင်းလှပါတယ်။
       နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။