Pages

Friday, June 1, 2012

မွေးထားတဲ့ ခွေးသေသွားလို့ သေကြောင်းကြံပြီး အဆုံးစီရင်သူ

တောင်ကိုရီးယားနိုင်ငံ Busanမြို့တောင်ပိုင်းရှိ သူမအိမ်တွင် မွေးထားတဲ့ခွေး သေဆုံးသွားခဲ့တဲ့အတွက် ပူဆွေးသောက ရောက်နေသော အသက်(၂၅)နှစ်အရွယ် အမျိုးသမီးဟာ ရေချိုးခန်းထဲတွင် ကျောက်မီးသွေးလောင်စာခဲတွေကို မီးရှို့ပြီး မိမိကိုယ်ကို သေကြောင်းကြံ၍ တနင်္လာနေ့က အဆုံးစီရင်ခဲ့ကြောင်း သိရသည်။
သူမက သူမအား သူ၏ခွေးနှင့် အတူမြှုပ်နှံပေးပါရန် တောင်းဆိုထားသည့် စာတစ်စောင်ကို ချန်ထားရစ်ခဲ့ကြောင်း အင်္ဂါနေ့တွင် ရဲကပြန်ပြောပြသည်။
လွန်ခဲ့သော လေးနှစ်ကတည်း ယင်းခွေးအား ပိုင်ဆိုင်ခဲ့သော သူမဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက သူမ၏အလုပ်သို့ အလုပ်မဆင်းတော့တာဖြစ်ကြောင်း သိရသည်။
ပြတင်းပေါက်တွေနဲ့ တံခါးကို တိပ်တွေနဲ့ပိတ်ထားခဲ့တဲ့ သူမ၏ရေချိုးခန်းထဲတွင် သူမ၏ခွေးကို ပွေ့ဖက်ဖမ်းဆုပ်ထားလျက် အနေအထားနဲ့ သူမအလောင်းကို သူမ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးက တွေ့ခဲ့တာဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။