Pages

Wednesday, August 1, 2012

ကမ္ဘာ့ထိတ်လန့်ဖွယ် အကောင်းဆုံး ဟိုတယ်



အဲလ်ပ်တောင်တန်း အစွန်းပေပေါင်းး ၁၀၀၀အမြင့်၌့် တည်ဆောက်ထားသော ဟိုတယ်တစ်ခုကို ဇူလိုင်လ၁၇ရက်နေ့တွင် တရားဝင်ဖွင့်လှစ်လိုက် ကြောင်းသိရသည်။ ယင်းကိုအီတလီနိုင်ငံ မောင့်ဘလန့်တောင်ကြား၌ တည်ဆောက်ထားခြင်းဖြစ်ပြီး အဖြူနှင့်အနီစပ်ကျား သတ္တုများဖြင့် ပြုလုပ်ထားကာ မောပန်းးလာသော တောင်တက်သမား ၁၂ ဦးတပြိုင်နက် တည်းခိုနိုင်သည် ဟုဆိုသည်။ အဆိုပါ ဟိုတယ်တွင် သစ်သားခုတင်များ၊ မီးဖိုခန်းတစ်ခု၊ ညစာစားခန်း၊ သိုလှောင်ခန်းတို့အပြင် ဧည့်ခန်းတစ်ခန်းလည်း ပါဝင်သည်ဟုဆိုသည်။ ၎င်းအပြင် ဖရိုင်ဘူဇီ ရေခဲပြင်ရှုခင်းကို ကြည့်မြင်နိုင်သည် ဟုဆိုသည်။ ယခုဟိုတယ်၌ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုမည်ဖြစ်ပြီး ယင်းက၁၉၈၄ခုနှစ်တွင် တည်ဆောက်ထားခဲ့သည့် စုတ်ချာချာသစ်သား တဲကလေးနေရာကို အစားယူလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းကို အီတလီအဲလ်ပိုင်းကလပ်က တည်ဆောက်စေခဲ့ပြီး ယူရိုငွေ ၂၅၀,၀၀၀ ကုန်ကျခဲ့ကြောင်း သိရသည်။
ref: ပြည်မြန်မာ
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။