Pages

Monday, August 6, 2012

ဂင်းနက်စ်ကမ္ဘာ့စံချိန် တင်ရန်အတွက်တစ်ရွာလုံးရှိ အမျိုးသမီးများ ဆံပင်ရှည်ထား

http://swesonemedia.org/assets/images/2012/aug4/amazingnews/allwomaninvillagelonghair.jpg 
ကမ္ဘာ့ပထမဆုံး ဆံရှည်ရွာအဖြစ် တရုတ်ရွာတစ်ရွာက ဂင်းနက်စ်ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ကြောင်း DMသတင်းဌာနက ဇူလိုင်လ၂၆ ရက်နေ့တွင် ဖော်ပြသည်။ တရုတ်နိုင်ငံ ဟွမ်လောင်းယောင်ရွာမှ ယောင်နီအမည်ရှိ လူမျိုးစုတစ်စုမှ အမျိုးသမီးများသည် တစ်ရွာလုံး ဆံပင်ရှည်ထားကြရာ အမျိုးသမီးအားလုံး(၁၂၀)၏ပျမ်းမျှ ဆံပင်အရှည်သည် ၅ဒသမ၅ပေရှိသည်။ ဆံပင်အရှည်ဆုံး အမျိုးသမီးမှာ ၆ဒသမ၈ပေ ကျော်သည်။ ၎င်းတို့၏ ရိုးရာဓလေ့အရ အမျိုးသမီးများသည် တစ်သက်တွင် တစ်ခါသာ ဆံပင်ညှပ်ကြရသည်။ ဆံပင်ညှပ်သည့် အရွယ်မှာ ၎င်းတို့အနေဖြင့် အိမ်ထောင်ဖက်ရှာရမည့် ၁၆ နှစ်အရွယ်ဖြစ်သည်။ ယောင်နီလူမျိုးများက အမျိုးသမီးများ ဆံပင်အရှည်ထားခြင်းသည် အသက်ရှည်ခြင်း ချမ်းသြွာကယ်ဝခြင်းနှင့် ကံကောင်းခြင်းတို့ကို ဆောင်ကြဉ်းပေးသည် ဟုယုံကြည်ကြသည်။
Ref :ပြည်မြန်မာ
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။