Pages

Wednesday, September 19, 2012

သစ်ပင်ပေါ်သို့ သောင်တင်သွားသည့်နွား


အင်္ဂလန်နိုင်ငံမြောက်ပိုင်း ကမ်ဘရီဒေသတွင်  သြဂုတ်လ ၂၉ရက်နေ့က မြစ်ရေကျဆင်းသွားစဉ် နွားတစ်ကောင်သည် သစ်ပင်ပေါ်သို့ ထူးဆန်းစွာ ရောက်ရှိသွားခဲ့သဖြင့် မီးသတ်သမားများက အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရသည်။ အဆိုပါ ကမ်ဘရီဒေသရှိ အဒမ်မြစ်ရေသည် မြစ်ရေတက်ရာမှ ပြန်လည်ကျဆင်းသွားစဉ် နွားတစ်ကောင်သည် ၃၂ပေအမြင့်ရှိ သစ်ပင်ပေါ်သို့ ထူးဆန်းစွာ ရောက်ရှိသွားသည်။ ထို့ကြောင့်ဒေသခံ မီးသတ်တပ်ဖွဲ့မှ အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရသည်။ အဆိုပါနွားကိုယခုအခါ ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပြီး ပိုင်ရှင်သို့ ပြန်လည် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
ref; ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။