Pages

Wednesday, September 26, 2012

ကမ္ဘာ့အသေးဆုံး လူသား


အရပ် ၂၂ လက်မ သာ ရှိသော ဖိလစ်ပိုင် နိုင်ငံသား ဂျန်ရေးဘလာဝင်းသည် ဇွန်လ ၁၂ ရက် နေ့တွင် အသက် ၁၈ နှစ်ပြည့် သဖြင့် ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့၏ ကမ္ဘာ့အသေးဆုံး လူသား အဖြစ် တရားဝင် အသိအမှတ်ပြုလွှာကို ရရှိကြောင်း သိရသည်။ သူသည် လက်ရှိ ကမ္ဘာ့ အသေးဆုံး လူသား အဖြစ် အသိအမှတ်ပြု ခံထားရသော အရပ် ၂၆ ဒသမ ၄ လက်မရှိ နီပေါ နိုင်ငံသား ခါဂျန်ဒရာသာ ပါမာဂါ၏ နေရာကို ရရှိသွားခြင်း ဖြစ်သည်။
ယင်းကဲ့သို့ အသိအမှတ်ပြု ခံရခြင်းကို သူ၏မိခင် ကွန်ဆက်ဆီယွန် (၃၅နှစ်) နှင့် ဖခင် ရေနယ်ဒို(၃၇နှစ်) တို့က ဂုဏ်ယူလျက် ရှိကြောင်း သိရသည်။
သူတို့သည် ဖိလစ်ပိုင်နိုင်ငံ ဇန်ဘိုအန်ဂါ ဒယ်နော့တေးမြို့၌ နေထိုင်ကြပြီး မြို့တော်ဝန်က သူတို့ မိသားစုအား ဂုဏ်ပြု ဧည့်ခံရန် ဖိတ်ကြား ထားကြောင်း သိရသည်။ ဇွန်လ ၁၂ ရက် နေ့တွင် ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့ အယ်ဒီတာချုပ် ခရိတ်ဂလန်ဒေးသည် စင်ဒန်ဂန် ဒေသ ကျန်းမာရေး လုပ်သားများ နှင့် အတူ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဇန်ဘိုအန်ဂါ ဒယ်နော့တေး သို့ သွားရောက်ပြီး ဘလာဝင်းကို တရားဝင် တိုင်းတာမှုများ ပြုလုပ်လျက် ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့၏ ကမ္ဘာ့အသေးဆုံး လူသား အဖြစ် တရားဝင် အသိအမှတ်ပြုလွှာ ပေးအပ် ခဲ့ကြောင်း သိရသည်။
ref: ပြည်မြန်မာ

1 comment:

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။