Pages

Tuesday, October 16, 2012

ကောက်ပဲသီးနှံများဖြင့် သရုပ်ဖော်ထားသော ကမ္ဘာ့အကြီးဆုံး ပန်းချီကား


အိန္ဒိယရိုးရာ ပန်းချီလက်ရာ တစ်ခုဖြစ်သော ကောက်ပဲသီးနှံများဖြင့် သရုပ်ဖော်လိုက်သည့် ကမ္ဘာ့အကြီးဆုံး ပန်းချီကားကြီးကို ကျောင်းသား၂ဝဝခန့်က အိန္ဒိယနိုင်ငံရှိ SiLing အထက်တန်းကျောင်းတွင် ဇန်နဝါရီလ ၂၉ရက်က ခင်းကျင်း ပြသခဲ့ကြသည်။ ၂၅မီတာ(၈ဝပေ)ခန့်  ရှည်လျားသည့် ယင်းပန်းချီကားကို စပါးများဖြင့် အဓိကသရုပ်ဖော်ထားပြီး ရောင်စုံခြောက်မျိုး ခြယ်သရန်အတွက် ဂျုံသုံးတန်ခွဲ အသုံးပြုခဲ့ရသည်။ ဟိန္ဒူရိုးရာနှစ်သစ်ကူး ကောက်ရိတ်သိမ်း ပွဲတော်အတွက် ကျောင်းကိုးကျောင်းမှ ကျောင်းသားလေးများက ယင်းအနုပညာလက်ရာကို ပူးပေါင်းပုံဖော်ခဲ့ကြခြင်းဖြစ်သည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။