Pages

Sunday, October 28, 2012

အထပ်မြင့်တိုက်များကို သစ်သားများသုံးပြီး ဆောက်လုပ်ထား


သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတမျှစေရန်နှင့် ရေရှည်ဒဏ်ခံနိုင်ရန် သစ်သားများကို အများဆုံးသုံးထားသော အထပ်မြင့်တိုက်များအား နိုင်ငံတကာတွင် ဆောက်လုပ်လာကြပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ယိုယွင်းပျက်စီးလာစေသည့် ခေတ်ပေါ်အဆောက်အအုံများဖြင့် ပြည့်နှက်နေသော လန်ဒန်ကဲ့သို့နေရာမျိုး၌ပင် ကိုးထပ်မြင့်သည့် သစ်သားအဆောက်အအုံများအား ဆောက်လုပ်ထားပြီဖြစ်သည်။
ယင်းတိုက်ခန်းများ ဆောက်လုပ်ရာတွင် စတီးထောက်တိုင်များနှင့် သတ္တုပစ္စည်းများကို မသုံးမဖြစ်သုံးရသည့် နေရာမျိုးမှလွဲ၍ ကျန်နေရာများတွင် သစ်သားများအား အများဆုံးသုံးပြုထားသည်။ အမေရိကန်၊ တရုတ်၊ ကနေဒါနှင့် သြစတြေးလျကဲ့သို့ နိုင်ငံအများစုကလည်း  ယခုအခါသဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် အထပ်မြင့်သစ်သား အဆောက်အအုံများ ဆောက်လုပ်လာကြပြီဖြစ်သည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။