Pages

Saturday, October 6, 2012

မစ်ကီမောက်စ် အမှတ်တရပစ္စည်း စုဆောင်းသူ ဂင်းနက်စ်စံချိန်တင်


အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ ဂျာနက်အက်စတီးဖ်ဆိုသူ အမျိုးသမီးသည် မစ်ကီမောက်စ် အမှတ်တရပစ္စည်းများ ၆၀၀၀ကျော်ခန့် စုဆောင်းထားရှိခဲ့ပြီး မစ်ကီမောက်စ် အမှတ်တရ ပစ္စည်းများ အများဆုံးစုဆောင်းသူအဖြစ် စက်တင်ဘာ၂၃ ရက်နေ့က ဂင်းနက်စ် စံချိန်တင်နိုင်ခဲ့သည်။ အက်စတီးဖ်သည် ၂၀၀၆ခုနှစ်ကတည်းက မစ်ကီမောက်စ်အမှတ်တရ ပစ္စည်းများ ၆၀၀၀ကျော်ခန့် စုဆောင်းနိုင်ခဲ့ပြီး သူမ၏ စံချိန်ဟောင်းကို ချိုးဖျက်ကာ စံချိန်သစ်တင်နိုင်ခဲ့သည်။ အက်စတီးဖ်သည် ငယ်စဉ်ကတည်းက မစ်ကီမောက်စ် ဇာတ်ကားများကို အလွန်နှစ်သက်ခဲ့ပြီး မစ်ကီမောက်စ် အမှတ်တရပစ္စည်းများဖြစ်သော မစ်ကီမောက်စ် အရုပ်ကလေးများ၊ ဘောပင်၊ သော့ချိတ်နှင့် အခြားအမှတ်တရပစ္စည်းများကို ၀ယ်ယူစုဆောင်းကာ သူမ၏နေအိမ်တွင် အလှဆင်ထားကြောင်း သိရှိရသည်။
  ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။