Pages

Thursday, November 1, 2012

သခင်သေဆုံးသောကြောင့် အသည်းကွဲ သေဆုံးရသောခွေးငယ်


အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက်၂၆နှစ်အရွယ်စစ်သား လီယန်တက်စတာမှာ ပြီးခဲ့သည့်မတ်လက တာလီဘန်တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီးနောက်ပိုင်းတွင် သူ၏ ၂၂လသားအရွယ် ခွေးငယ်လေး သီအိုမှာ တဖြည်းဖြည်းနှလုံးကွဲ၍ သေဆုံးခဲ့ရသည်။ ခွေးငယ်လေးသီအိုနှင့် သခင်လီယန်တို့မှာ ငါးလအတွင်း မြှုပ်နှံထားသော ဗုံး၁၄လုံးအား အတူတကွ ရှာဖွေနိုင်ခဲ့ခြင်းကြောင့် သက်ဆိုင်ရာတို့မှ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံခဲ့ရသည်။ သခင်လီယန်မှာ ပြီးခဲ့သည့်နှစ်က MBEဘွဲ့ရရှိထားပြီး သူ၏ခွေးငယ်ကလေးမှာလည်း ၀ိတိုရိယကြက်ခြေဆုနှင့် ညီမျှသော တိရစ္ဆာန်ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်းခံထားရသည်။ သခင်သေဆုံးပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း အစားအစာစားသောက်မှု နည်းပါးလာကာ အင်အားခိျု့တဲ့၍ သေဆုံးခဲ့ရသော ခွေးငယ်လေးကြောင့် လီယန်၏ အသက်၅၃နှစ်အရွယ် မိခင်မှာ လီယန်တို့အတွက် ဂုဏ်ယူဝမ်းမြောက်မိသော်လည်း ယခုအခါမိသားစုဝင် နောက်တစ်ယောက် လျော့သွားသကဲ့သို့ ခံစားရသည်ဟု ပြောဆိုခဲ့သည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။