Pages

Thursday, November 22, 2012

ကူဝိတ်နိုင်ငံတွင် ဂင်းနစ် စံချိန်တင်ခဲ့သည့် မီးရှူး မီးပန်း လွှတ်တင်ခြင်း အခမ်းအနား ကျင်းပ

http://www.myawady.net.mm/cache/c/4c3ad81f73f24f85f5cc1c7c7df94313.png
ကူဝိတ်  နိုဝင်ဘာ   ၁၇
ကူဝိတ်နိုင်ငံ ကူဝိတ် စီးတီးမြို့တွင် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှစ် (၅ဝ)မြောက် နှစ်ပတ်လည် နေ့တွင် ကမ္ဘာ့ စံချိန်တင် မီးရှူး မီးပန်း လွှတ်တင်ခြင်း အခမ်းအနားကို ကျင်းပ ခဲ့ကြောင်း အင်တာနက် သတင်းအရ  သိရသည်။
အဆိုပါ အခမ်းအနားတွင် မီးရှူး မီးပန်း စုစုပေါင်း ၇၇၂၈၂ ခုဖြင့် ယခင် ဂင်းနစ် စံချိန်ကို ကျော်လွန်၍ စံချိန် သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။ ယခင် ဂင်းနစ် စံချိန်တင် ခဲ့သော မီးရှူး မီးပန်း လွှတ်ပွဲတွင် မီးရှူးမီးပန်း ၆ဝဝဝဝ ခန့်ကို အသုံးပြု ခဲ့သည်ဟု သိရသည်။ ၎င်းမီးရှူး မီးပန်းများကို ဆိပ်ခံ ဗောများနှင့်   လှေများ စုစုပေါင်း ၂၅၁  စင်းပေါ်မှ တစ်နာရီကြာ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ပင်လယ်ပြင် အတွင်းရှိ လှေနှင့် ဆိပ်ခံ ဗောများပေါ်မှ မီးရှူး မီးပန်းများ လွှတ်တင် ရာတွင် လေယာဉ်ပျံ ပုံများ၊ စွန်ပုံများ၊ သိမ်းငှက်ပုံ များနှင့် အတူ ငါးပျံပုံများ၊   ရွက်လှေပုံ များနှင့် ကုဗတုံးပုံ သဏ္ဌာန်ရှိ မီးရှူး မီးပန်း အလင်းရောင်များကို ၅ ကီလို မီတာ ရှည်လျားသော ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် လာရောက် ကြည့်ရှုသူ ပရိသတ် နှစ်သန်း ကျော်ခန့် ရှိကြောင်း သိရသည်။
အဆိုပါ  မီးရှူးမီးပန်း လွှတ်ပွဲသို့ ကမ္ဘာ အနှံ့ နည်းပညာရှင် ၃ဝဝ ကျော် တက်ရောက် လာခဲ့ကြောင်း သိရ  သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။