Pages

Friday, November 2, 2012

နဂါး ပုတ်သင်ညို


သြစတေးလျနိုင်ငံမှာ တွေ့မြင်ရတဲ့ ပုတ်သင်ညိုတစ်မျိုး ဖြစ်ပြီး သူ့ကို thorny dragon, Thorny Devil ဆိုပြီး အမျိုးမျိုးခေါ်ပါတယ်။
သူဟာ သာမန် ပုတ်သင်ညိုတွေနဲ့ မတူပဲ ဆူးတောင်တွေ ပါနေတာကို ယခုလို မြင်တွေ့ ရပါတယ်။ ဆူးတောင်ရဲ့ အဓိကလ
ုပ်ဆောင်ချက် က ရေဓာတ် များစုစည်းဖို့ ဖြစ်ပါတယ်။ သူတို့နေတဲ့ နေရာက လည်း ရေခြားတဲ့ နေရာ ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝ လေထု က ရေငွေ့တွေကို ခန္ဓာကိုယ်က ဆုပ်ယူပြီး ပါးစပ်ထဲသို့ ရောက်လာအောင် အဆင့်ဆင့် သယ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဆူးတောင် လုပ်ဆောင်ချက်ထဲမှာ ရေသယ်တာလည်း ပါဝင်ပါတယ်။ အရှည်အားဖြင့် ၈ လက်မအထိ ရှိနိုင်ပြီး အမက အထီးတွေထက် အရွယ် ပိုကြီးတတ်ပါတယ်။ ပုရွတ်ဆိတ်ကြိုက်တဲ့ သတ္တဝါဖြစ်ပြီး တစ်ရက်ကို ပုရွတ်ဆိပ် အကောင် ထောင်ချီ စားသုံးနိုင်ပါတယ်။ နေရာ ဒေသ အလိုက် အရောင်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ မြေနီပေါ်သွားရင် မြေနီရောင် ပြောင်းပြီး သစ်ပင်စိမ်းပေါ်တက်ရင် သစ်ပင်စိမ်း အစရှိသဖြင့် ပြောင်းလဲနိုင်ပါတယ်။ ဒါကတော့ အခြား ပုတ်သင်ညိုများရဲ့ သဘာဝနဲ့ အတူတူပဲ ဖြစ်ပါတယ်။
အဓိက ထူးခြားချက်က ဆူးတောင်များ ပါရှိနေရခြင်း ဖြစ်ပြီး နဂါးပေါက်လို့တတောင် တင်စားခေါ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်အနေ နဲ့ကော၊ ဆေးဖော်ရန်အတွက်ကော ဖမ်းဆီးတတ်တဲ့ အတွက် ရှားပါးမျိုးစိတ် စာရင်းထဲ ထည့်ထားတဲ့ ပုတ်သင်ညို မျိုးစိတ် တစ်ခု ဖြစ်တယ်လို့ သိရပါ တယ်။
---
Ref: wiki
facebook (international news for myanmar) မှတစ်ဆင့်
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။