Pages

Tuesday, December 18, 2012

ဒိန်ခဲကို လွန်ခဲ့သည့် နှစ်ပေါင်း ၇ဝဝဝ ခန့်မှ စ၍ လူသားများ ပြုလုပ်

ပဲရစ်   ဒီဇင်ဘာ   ၁၆
သမိုင်းမတိုင်မီ ခေတ်က လူသားများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇ဝဝဝ အချိန်မှ စတင်၍ အပေါက်ဖောက် ထားသော ရွှံ့မြေအိုး များကို ရေစစ်ကဲ့သို့ အသုံးပြုပြီး ဒိန်ခဲများ ပြုလုပ် ခဲ့ကြကြောင်း သိပ္ပံပညာရှင် များက တွေ့ရှိ ခဲ့ကြသည်။
နွားနို့အား ပုပ်သိုးခြင်း မရှိစေဘဲ ပို၍ အစာကြေလွယ်ပြီး သယ်ယူပို့ဆောင်ရန် လွယ်ကူသော ပုံစံဖြင့် တာရှည်ခံစေရန် ဒိန်ခဲအဖြစ် ပြုလုပ်ခြင်းသည် လူ့သမိုင်းတွင် အဓိကကျသည့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ သော့ချက် တစ်ခုဖြစ်ကြောင်း Nature ဂျာနယ်၏ ထုတ်ပြန်ချက် အရ သိရသည်။

ဥရောပတိုက် မြောက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည့် မြေအိုး အပိုင်းအစများသည် သမိုင်းမတိုင်မီ လူသားများ က ရေစစ်အဖြစ် အသုံးပြုခဲ့ဖွယ် ရှိကြောင်း သိပ္ပံပညာရှင် များက ခန့်မှန်း ထားခဲ့ကြရာ ပိုလန် နိုင်ငံတွင် တွေ့ရှိခဲ့သည့် အိုးခြမ်းပဲ့များ ပေါ်တွင် ဒိန်ခဲ အစအနများကို ဓာတုဗေဒ နည်းအရ ဖော်ထုတ်နိုင်ခဲ့သော ကြောင့် ၎င်းတို့၏ ခန့်မှန်းချက်ကို ပိုမိုခိုင်မာ လာစေခဲ့သည်။
ထို့အပြင် မြောက်ဥရောပတွင် ဘီစီ ၆ဝဝဝ ခန့်မှစ၍ နို့အတွက် ကျွဲ၊ နွား တိရစ္ဆာန် များကို မွေးမြူခဲ့ကြ ကြောင်း ဘရစ်စတိုလ် တက္ကသိုလ် အော်ဂဲနစ် ဘူမိဓာတုဗေဒ ဌာနမှ ပါမောက္ခ ရစ်ချက်အဲဗားချိ ခါင်းဆောင်သော အဖွဲ့မှ လ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။     

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။