Pages

Tuesday, December 18, 2012

အသက်ရှင်နိုင်ရန် အတွက် ဗော့ဒ်ကာ အရက် ၁ဝ လီတာ သောက်သုံး ခဲ့ရသည့် ဆိုက်ဘေးရီးယားမှ ဆင်ကြီးများ

မော်စကို ဒီဇင်ဘာ ၁၅
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသတွင် အအေး လွန်ကဲမှုကြောင့် အသက်ဘေး ရင်ဆိုင် ခဲ့ရသည့် ဆင်ကြီးနှစ် ကောင်ကို ၁ဝ လီတာရှိ ဗော့ဒ်ကာ အရက်များအား ရေနွေးနှင့် ရောနှော တိုက်၍
ကယ်ဆယ် ခဲ့ရကြောင်း တာဝန် ရှိသူများ၏ ပြောကြားချက် အရ သိရသည်။
ဖြစ်ပွားပုံမှာ အဆိုပါ ဆင်များကို တင်ဆောင် ထားသည့် နောက်တွဲယာဉ် မီးစွဲလောင်ခဲ့ရာ   ၄င်းတို့ကို အပြင်သို့ ကယ်ထုတ် ခဲ့ရသောကြောင့် ၄င်းဆင်ကြီး များသည်    အကာအရံ မရှိသည့် အဝေးပြေး လမ်းမပေါ်၌ အလွန် အေးမြသည့် ရာသီဥတုဒဏ်ကို ခံစားခဲ့ရခြင်း ဖြစ်သည်။

၎င်းဒေသတွင် အပူချိန်သည် အနုတ် ၄ဝ ဒီဂရီအထိ ကျဆင်းခဲ့သည့် အတွက် အသက် ၄၅  နှစ်အရွယ်ရှိ မက်ဇာနှင့် ၄၈ နှစ်အရွယ် ဂျင်းနီ အမည်ရှိ ဆင်များသည် ၄င်းတို့၏နား ရွက် ထိပ်ဖျားများတွင် နှင်းကိုက်နာများကို ဆိုးဆိုးရွားရွား  ခံစားခဲ့ရကြောင်း သိရသည်။
သို့သော် ဆင်များသည် ရေနွေးဖြင့် စပ်ထားသော ဗော့ဒ်ကာ အရက်များကို သောက်သုံး ပြီးနောက် အအေးဒဏ်မှ သက်သာ လာခဲ့ကြကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Ria Novosti  သတင်း ဌာနမှ ဖော်ပြခဲ့သည်။
အအေးဒဏ်မှ အသက်ရှင် လွတ်မြောက်ခဲ့သော ဆင်နှစ်ကောင်အား ဒေသတွင်း ကောလိပ်ရှိ အပူ ပေးထားသော အခန်း တစ်ခန်းတွင် ဆေးဝါးများ ဆက်လက် ကုသပေးလျက် ရှိသည်ဟု သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။