Pages

Friday, December 7, 2012

ကမ္ဘာ့အရှားပါးဆုံး ကျားသစ် တရုတ်နိုင်ငံတွင် တွေ့ရှိ


ချန်ချွန်း   ဒီဇင်ဘာ   ၅
မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့ နေရသည့် ကမ္ဘာ့ အရှားပါးဆုံး အာမာ ကျားသစ် နှစ်ကောင်ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်မြို့တွင် တွေ့ရှိ ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျားသစ်ထီးနှင့် ကျားသစ်မကို လျှို့ဝှက် ကင်မရာဖြင့် ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ အရှေ့ဖျား နိုင်ငံများမှ အာမာ ကျားသစ်များနှင့် ဆိုက်ဘေးရီးယား ကျားများ ကဲ့သို့ တောတွင်း  တိရစ္ဆာန် များကို ကာကွယ်ရန် ဟန်ချွန်း ပြည်နယ်တွင် ၂ဝ၁၁ ခုနှစ်က ဖန်တီး ခဲ့သည့်  သီးသန့် သဘာဝ သစ်တော တစ်ခု အတွင်း ၎င်းတို့ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အာမာ ကျားသစ်များသည် မိတ်လိုက်သည့် အခါမှသာ အတူ နေထိုင်ကြပြီး သုံးနှစ်လျှင် တစ်ကြိမ် တစ်ပတ် ခန့်ကြာ အတူ နေထိုင် ကြသည်ဟု သိရသည်။
၎င်းတို့သည် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့ နေရသည့် တိရစ္ဆာန်အမျိုး အစားဖြစ်ပြီး လက်ရှိ အချိန်တွင်  ဧရိယာ အကျယ်အဝန်း ၂ဝ၆၄ စတုရန်း ကီလိုမီတာရှိ သစ်တော အတွင်း နေထိုင် ကျက်စားလျက် ရှိသည်ဟု သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။