Pages

Thursday, January 3, 2013

ခရစ္စမတ် ဘိုးဘိုးကြီး ၁ဝ ဦး စီးနင်းခဲ့သည့် ဧရာမ ဆိုင်ကယ်ကြီး

နယူးယောက် ဇန်နဝါရီ ၂
ခရစ္စမတ် ဘိုးဘိုးကြီး Santa Clausသည် တန်ဒြာ ဒေသမှ သမင်ကိုသာ စီး၍ ခရစ္စမတ် ပွဲတော်သို့ လာလေ့ ရှိသော်လည်း ယခုနှစ်တွင် ခရစ္စမတ် ဘိုးဘိုးကြီး ၁ဝ ဦးသည် ဧရာမ ဆိုင်ကယ်ကြီးကို အတူစီး၍ ခရစ္စမတ် ပွဲတော်သို့ လာရောက်ခဲ့ကြောင်း သိရသည်။ ခရစ္စမတ် ဘိုးဘိုးကြီး ၁ဝ ဦး စီးနင်းလာသော ဆိုင် ကယ်သည်

Harley Davidson ကုမ္ပဏီထုတ် မော်တော်ဆိုင်ကယ် ဖြစ်ပြီး အရှည်အားဖြင့် ၂၄ ဒသမ ၅ ပေ အရှည်ရှိသည်။ အဆိုပါ မော်တော် ဆိုင်ကယ် တွင် အင်ဂျင်ခုနစ်လုံး တပ်ဆင်ထားပြီး ဘီးလေးဘီးသာ ပါဝင်သည်ဟု သိရသည်။ မော်တော်ဆိုင်ကယ်၏ ရှေ့ပိုင်းတွင် ဘီးနှစ်ဘီး တပ်ဆင်ထားပြီး နောက် ပိုင်းတွင် နှစ်ဘီး တပ်ဆင်ထားသည်။ ချိန်းကြိုးမှာ ပေ ၄ဝ ရှိသည်ဟု သိရသည်။ ၎င်းဧရာမ မော်တော်ဆိုင်ကယ်မှာ မိုင် ၉ဝဝ အထိ သွားလာနိုင်သောေ မ်ာတော်ယာဉ် တစ်မျိုး ဖြစ်သည်ဟု သိရသည်

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။