Pages

Friday, February 15, 2013

ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်

ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်
သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃ နေရာတွင် ဥက္ကာခဲ့များ မီးလောင်ပေါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။
Posted on Feb 15 13 - 05:51 AM | Hits : 895
ရုရှားနိုင်ငံတွင် ဥက္ကာခဲများ မီးလောင်ပေါက်ကွဲ ကျရောက်















ရုရှားနိုင်ငံတွင် ကောင်းကင်ယံမှ ဥက္ကာခဲများ မီးလောင်ပေါက်ကွဲကာ ကျဆင်းလာမှုကြောင့် လူပေါင်း ၉၀၀ ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) နံနက်အစောပိုင်း ရုရှားနိုင်ငံ နေရာ ၃ နေရာတွင် ဥက္ကာခဲ့များ မီးလောင်ပေါက်ကွဲကာ ကျရောက်ခဲ့ခြင်းဖြစ်သည်။
ဥက္ကာခဲ့ကျရောက်သည့် နေရာတစ်ခုတွင် အချင်း ၆ မီတာခန့်ရှိ ချိုင်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။
ဥက္ကာခဲများ ကျရောက်ပေါက်ကွဲမှုအရှိန်ကြောင့် အဆောက်အအုံ ပြူတင်းပေါက်မှန်များ ကွဲကြေခဲ့ပြီး အချို့အဆောက်အအုံများ ပျက်စီးခဲ့သည်။ ဒဏ်ရာရရှိသူများ ၅၀၀ ကျော်မှာ ပြူတင်းပေါက်မှန်စများ လွင့်စင်ထိမှန်မှုကြောင့် အသေးစားဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူ ၁၁၂ ဦးကို ဆေးရုံတင်ထားရကြောင်း သိရသည်။

meteorite

meteorite

meteorite

meteorite

ရုရှားတွင် ဥက္ကာခဲများ ပေါက်ကွဲမီးလောင်ကျရောက်မှု သတင်းဓာတ်ပုံနှင့် ဗီဒီယိုများကို Plaent Myanamr Facebook စာမျက်နှာတွင် စုစည်းဖော်ပြထားပါသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။