Pages

Monday, February 11, 2013

နေအိမ်အဆောက်အဦး တစ်ခုလုံး မြေကြီးထဲသို့ ကျွံဝင်မှု တရုတ်၌ ဖြစ်ပွား


 တရုတ်နိုင်ငံ၏ အကြီးဆုံး မြို့ကြီးများအနက် ဂေါင်ဇူးမြို့ ဂေါင်ဝမ်လမ်းရှိ မြေအောက်အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းခွင်အနီးတွင် နေအိမ်အဆောက်အအုံ တစ်ခုလုံး မြေကြီးထဲသို့ ကျွံဝင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဇန်န၀ါရီလ ၂၉ရက် ရှန်ဟိုင်းသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ အဆောက်အအုံ ကျွံဝင်ခဲ့သည့် မြေကျင်းသည် ၃၂၃၀ပေကျယ်ဝန်းပြီး ပေ၃၀၀၀ကျော် အနက်ရှိကြောင်း သိရသည်။ တစ်စုံတရာ ထိခိုက်ဒဏ်ရာရရှိ သူမရှိကြောင်း သိရသည်။ထိုဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံတွင် မြေအောက်မှ ရေများအဆမတန် စုပ်ယူသုံးစွဲမှုနှင့် အဆောက်အအုံများ ပိုမိုတိုးချဲ့ တည်ဆောက်လာမှုတို့ကြောင့် ယင်းသို့ဖြစ်ပွားရခြင်း ဖြစ်ကြောင်း အမေရိကန်အခြေစိုက် ကမ္ဘာ့ပထ၀ီဝင် လေ့လာစူးစမ်းရေးအဖွဲ့မှ ပညာရှင်များက ပြောကြားသွားခဲ့သည်။
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။