Pages

Friday, March 1, 2013

ကင်ဆာကလေးငယ်များ သီကုံးလိုက်သည့် ကမ္ဘာ့အရှည်ဆုံး လည်ဆွဲပုတီး


ကျန်းမာရေးကောင်းမွန်သည့် ကလေးငယ် ၈၂ဦးနှင့် ကင်ဆာရောဂါ ဝေဒနာခံစားနေရသည့် ကလေးငယ် ၃၆၈ဦးတို့က ယူကေရှိ စီဒါကော့ဟိုတယ်တွင် အလျား ၅ဒဿမ ၃၆၈မိုင်(၈၈၆၄မီတာ) ခန့်ရှည်လျားသည့် ပုတီးကြီးကို သီကုံးခဲ့ကြသည်။ ယင်းသို့ ကင်ဆာရောဂါ ဝေဒနာခံစားနေရသည့် ကလေးငယ်များကို ကမ္ဘာ့အရှည်ဆုံး လည်ဆွဲပုတီးကြီး လုပ်ခိုင်းရသည့် ရည်ရွယ်ချက်မှာ ကင်ဆာရောဂါဝေဒနာရှင် ကလေးများသည်လည်း ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်နိုင်ကြောင်း သိစေလို၍ဖြစ်သည်ဟု အဆိုပါပွဲကိုစီစဉ်သူ ကိုလင်းနက်စ်က ရှင်းပြသည်။ ကိုလင်းသည် ကလေးများအတွက် ရန်ပုံငွေရှာဖွေပေးနေသည့် ပရဟိတလုပ်ငန်းများကိုလည်း ဦးဆောင်နေသူတစ်ဦးဖြစ်သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။