Pages

Friday, March 1, 2013

ကင်ဆာဝေဒနာသည်၏ ဝှေးစေ့ကို ခွဲစိတ်ဆရာဝန်များက ဘယ်ညာမှားဖြတ်


အင်္ဂလန်နိုင်ငံတောင်ပိုင်း ဆာလစ်ဘူရီမြို့ ဆေးရုံတစ်ရုံမှ ဝှေးစေ့ကင်ဆာ ဝေဒနာသည်တစ်ဦးကို ခွဲစိတ်ကုသရာတွင် ခွဲစိတ်ဆရာဝန်များက ဝှေးစေ့ဘယ်နှင့်ညာ မှားဖြတ်ခဲ့မိကြသည်။ခွဲစိတ်ဆရာဝန်များသည် ထိုသို့မှားယွင်းမှုများကို ခွဲစိတ်ကုသမှုများပြုလုပ်ပြီး မိနစ်၄၀အကြာမှ သတိပြုမိခဲ့ကြောင်း သိရှိရသည်။ အသက်၄၈နှစ်အရွယ်ရှိ အမည်မဖော်လိုသည့် ကုမ္ပဏီဒါရိုက်တာ တစ်ဦးဖြစ်သူသည် ထိုသို့ဝှေးစေ့မှားယွင်း အဖြတ်ခံခဲ့ရခြင်းကြောင့် ၎င်း၏ဘ၀တစ်သက်တာ၌ သားသမီးရရှိတော့မည် မဟုတ်ကြောင်း သတင်းထောက်များအား ၀မ်းနည်းဖွယ် ပြောကြားသွားခဲ့သည်။ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဆာလစ်ဘူရီမြို့ အခြေစိုက် NHSဖောင်ဒေးရှင်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။