Pages

Sunday, March 3, 2013

သီရိ လင်္ကာ နိုင်ငံတွင် မိုးရွာ သွန်းစဉ် ကောင်းကင်မှ ရွှေရောင် အဆင်းရှိ အရာ ဝတ္ထုများ ပြုတ်ကျ


ကိုလံဘို ဖေဖော်ဝါရီ ၁၇
သီရိ လင်္ကာ နိုင်ငံ ဟက်တွန် တောင်တန်းများ ရှိရာ ဂါမီနီပူရာ ဒေသတွင် မိုးရွာသွန်းစဉ် ကောင်းကင်မှ ရွှေ ရောင် အဆင်းရှိသော အမျိုးအမည်မသိ အရာဝတ္ထုများ ပြုတ်ကျလာ ခဲ့ကြောင်း သိရသည်။
ဒေသ အတွင်းရှိ လူအများသည် ယင်းအရာဝတ္ထု များကို ကောက်ယူ၍ ၎င်းတို့၏ နေအိမ်သို့ ယူဆောင်သွား လျက်ရှိကြောင်း Virakesari သတင်း စာတွင် ဖော်ပြထားသည်။

အလားတူပင် ဒစ်ဘူလာ ဒေသတွင် လည်းကောင်းကင်မှ ကျောက်တုံးများ ကျရောက် လာခဲ့ပြီး ပူဝက်စ်သာ ဝါလာ ဒေသရှိ ဆာမန် သာလာရာ အရပ်တွင်လည်း ကျောက်တုံး ကဲ့သို့သော အမည်းရောင်၊ အဖြူရောင်နှင့် အဝါရောင်ရှိသော ကျောက်ခဲ များ ကောင်းကင် မှ ပြုတ်ကျ လာခဲ့ကြောင်း သိရသည်။
ကောင်းကင်မှ ကျရောက်လာသော အဆိုပါ အမျိုးအမည် မသိ အရာဝတ္ထု အချို့ကို သိမ်းဆည်း ခဲ့ကြောင်း ရဲတပ်ဖွဲ့ အရာရှိ များက အတည်ပြုခဲ့ သည်ဟု သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။