Pages

Saturday, May 11, 2013

၁၁နှစ်အတွင်း အင်းဆက်ပိုးကောင်များကို ကျောင်းဆရာတစ်ဦး နှစ်ခြိုက်စွာစားသုံးခဲ့


အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ရိုဒီကျွန်းစုမှ ဒေးဗစ်ဘရာဆာအမည်ရှိ ကျောင်းဆရာတစ်ဦးသည် ၁၁နှစ်ကျော် ကာလအတွင်း အင်းဆက်ပိုးကောင် အများအပြားကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးခဲ့ကြောင်း အမေရိကန်အရှေ့မြောက်ပိုင်း သတင်းတစ်ရပ်တွင် ဖော်ပြသွားခဲ့သည်။ အသက်၄၇နှစ်ရှိ ဒေးဗစ်သည် လွန်ခဲ့သည့် ၁၁နှစ်ခန့်မှ စတင်၍ ဂျပိုး ပိုးဟပ် ဘောက်ဖတ်စသည့် အင်းဆက်ပိုးကောင်များကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးခဲ့သည့်။
မိသားစုဝင်များက ပုစွန် ဂဏန်းစသည့် ပင်လယ်စာများ ကျွေးခဲ့သော်လည်း အင်းဆက်များကိုသာ ပိုမိုနှစ်ခြိုက်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ဒေးဗစ်နေအိမ်ရှိ ရေခဲသေတ္တာအတွင်း အမျိုး၂ဝကျော် ပါဝင်သော အင်းဆက်ကောင်ရေ ၁၂ဝဝဝကျော်ကို သိမ်းဆည်းထားကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။