Pages

Sunday, May 5, 2013

အသက်၈၀အရွယ် အမျိုးသမီးတစ်ဦးကဒေါ်လာ ၅၀၀၀ တန် စိန်ကို မျိုချ

http://www.swesonemedia.org/assets/images/2013/may4/amazing/diamond.jpg
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တန်ပါမြို့တွင် ဧပြီလ ၂၇ ရက်နေ့တွင် ကျင်းပသည့် ကျောက်မျက်ရတနာပြပွဲတစ်ခု တွင် အသက် ၈၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဒေါ်လာ ၅၀၀၀တန် စိန်တစ်လုံးကို မထင်မှတ်ဘဲမျိုချမိ ခဲ့သည်။ မိုင်ရမ်ထရက်ကာအမည်ရှိ ထိုအမျိုးသမီးသည် ကျောက်မျက်ရတနာပြပွဲတွင် လာရောက်ကြည့်ရှုစဉ် တစ်ကရက်အလေးချိန်ရှိသော စိန်တစ်လုံးကို မထင်မှတ်ဘဲ မျိုချမိခဲ့ပြီးနောက် ဆရာဝန်များက ယင်းစိန်ကို ပြန်လည်ထုတ်ယူပေးခဲ့ရသည်။
ထရပ်ကာသည် စိန်တုံးကိုမျိုချရန်ကြံရွယ်ခဲ့ခြင်းမရှိဘဲ ရေသောက်နေစဉ် ရုတ်တရက် ပါးစပ်အတွင်းသို့ ထည့်မိခဲ့ ခြင်းဖြစ်ကြောင်းနှင့် အနီးဝန်းကျင်မှလာရောက်ကြည့်ရှုသူများက ရယ်မောကာ၎င်းအား ကြည့်ရှုချိန်မှ စိန်တုံးကို မျိုချခဲ့မိမှန်း သတိထားမိခဲ့ကြောင်း ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။