Pages

Friday, November 25, 2016

ကော်ဖီခွက်များဖြင့် ဖန်တီးထားသော မိုနာလီဇာ

ကမ္ဘာကျော်မိုနာလီဇာ ပန်းချီကားပုံစံကို ကော်ဖီခွက်ပေါင်း ၃၆၀၄ ခွက်ဖြင့်
ဖန်တီးထားတာပါ။ Australia နိုင်ငံ ဆစ်ဒနေ မှ The Rocks Aroma ပွဲတော်မှာ
ဖန်တီးပြသခဲ့ပါတယ်။ ဒီပုံရဲ့အလျားက ပေ ၂၀ ရှိပြီး အကျယ်က ၁၃ ပေရှိပါတယ်။

လူ ၈ ယောက်ဖြင့် စုစည်းညီညွတ်စွာ ဖန်တီးထားမှုပါ။ ကော်ဖီခွက်တစ်မျိုးတည်းသာ
အသုံးပြုထားပြီး လိုအပ်တဲ့အရောင်ရအောင် ကော်ဖီအရည်ကို ချိန်ဆ ပြုလုပ်ထားပါတယ်။

အရောင်ဖျော့ဖျော့ လိုချင်လျှင် ကော်ဖီထဲသို့ နို့ပမာဏ ခပ်များများတည့်ပြီး
အရောင့်ရင့်ကိုတော့ ကော်ဖီကျကျ ဖျော်တာပေါ့ဗျာ။


စိတ်ကူးကောင်းကောင်းနဲ့ တီထွင်ဖန်တီးထားတဲ့ ဒီအနုပညာပြကွက်ကို တစ်နေ့ထဲမှာ
လူပေါင်း 130,000 ကြည့်ရှု့အားပေးခဲ့ကြပါတယ်။

သူငယ်ချင်းတို့လည်း စိတ်ဝင်စားရင်ဖန်တီးနိုင်ပေမယ့် ကော်ဖီဖိုးတော့တော်တော်ကုန်မှာနော်...
  ( မူရင်း မိုနာလီဇာ ပန်းချီပုံ)


May 18, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.............  နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။