Pages

Sunday, June 9, 2013

ဟန်ဂေရီနိုင်ငံသား ကားကိုယ်ထည် တစ်ခုလုံးကို သစ်သားဖြင့် ပြုလုပ်


ဟန်ဂေရီနိုင်ငံ တက်ဇ်ဇာရာမြို့တွင် အစ်ဇ်ဗန်ပူစကက်ဆိုသူသည် ကိုယ်ထည် တစ်ခုလုံးအား သစ်သားဖြင့် ပြုလုပ်ထားသော ကားကို ဖန်တီးပြုလုပ်ခဲ့သည်။ ကား အင်ဂျင်ကို အီတလီနိုင်ငံထုတ် Fiat 126 အင်ဂျင်နှင့် မာစီးဒီးဘင်ကားဘီးနှင့် စတီယာတိုင်များ သုံးစွဲသည်မှ အပ ကားကိုယ်ထည်တစ်ခုလုံးကို သစ်သားများဖြင့် ပြုလုပ် ထားသည်။အသက် ၅၈ နှစ်အရွယ်ရှိ ပူစကက်ဆိုသူသည် ပန်းပုပညာရှင် တစ်ဦးဖြစ်သူ သစ်သားများကို အသုံးပြုကာ လူသုံးကုန်ပစ္စည်းများကို အတတ်နိုင်ဆုံး အစွမ်းကုန် ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း ပြောကြားသွားခဲ့သည်။ ပူစကက်သည် အဆိုပါ သစ်သားကားကို ပြီးခဲ့သည့် ခရစ္စမတ်ကာလ နောက်ပိုင်း စတင်ပြုလုပ်ခဲ့ပြီး လေးလကျော် အချိန် ယူကာ တည်ဆောက်ခဲ့ရကြောင်း သိရသည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။