Pages

Sunday, July 21, 2013

နှစ်ပေါင်း ၃၉ဝဝဝ သက်တမ်းရှိ မျိုးသုဉ်း အမွေးရှည် ဆင်ကြီး၏ အေးခဲနေသော ခန္ဓာကိုယ် အား ဂျပန်တွင် ပြသ


တိုကျို ဇူလိုင် ၁၂
ခန္ဓာကိုယ် တစ်ခုလုံးနီးပါး ပကတိနီးပါး အတိုင်း ကျန်ရှိ နေသေးသည့် နှစ်ပေါင်း ၃၉ဝဝဝ သက်တမ်းရှိ မျိုးသုဉ်း အမွေးရှည် ဆင်ကြီး တစ်ကောင်အား ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့တွင် ဇူလိုင် ၁၂ ရက်မှ စတင်၍ ပြသလျက် ရှိကြောင်း ဂျပန်တိုင်းမ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
အေးခဲလျက် ရှိသည့် အဆိုပါ အမွေးရှည် ဆင်ကြီးသည် ၃ မီတာရှည်လျားပြီး ၄င်းကို ၂ဝ၁ဝ ပြည့်နှစ်တွင် ဆိုက်ဘေးရီးယား အရှေ့ပိုင်းရှိ အစဉ်အေးခဲနေသည့် နက်ရှိုင်းမြေလွှာ အတွင်းမှ တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
၎င်းဆင်ကြီး၏ အသက်မှာ ၁ဝ နှစ်ခန့်ရှိပြီး ဆင်မဖြစ်ကာ လွန်ခဲ့သော နှစ်ပေါင်း ၃၉ဝဝဝ ခန့်က သေဆုံး သွားပြီးနောက် အေးခဲသွားခဲ့ခြင်း ဖြစ်သည်ဟု သုတေသီများ က ယူဆထား ကြသည်။ အဆိုပါ အမွေးရှည် ဆင်ကြီးအား ယိုကိုဟားမား မြို့တွင် ဇူလိုင် ၁၂ ရက် မှ ဇူလိုင် ၁၆ ရက် အထိ ပြည်သူများအား ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။