Pages

Sunday, July 21, 2013

သွေးစုပ်ဖုတ်ကောင် အုတ်ဂူများ ပိုလန်တွင် တွေ့ရှိ


ဝါဆော ဇူလိုင် ၁၇
ရှေးဟောင်း သုတေသန ပညာရှင်များသည် သွေးစုပ်ဖုတ်ကောင် အုတ်ဂူများစွာကို ပိုလန်နိုင်ငံ အတွင်း၌ တူးဖော် တွေ့ရှိခဲ့ကြသည်ဟု အင်တာနက် သတင်းတစ်ပုဒ်အရ သိရသည်။
သွေးစုပ်ဖုတ်ကောင်များ၏ အုတ်ဂူများကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု ကြေညာချက် ထုတ်ပြန်ပြီးနောက် အချိန် အနည်းငယ် အကြာတွင် သုတေသနပညာရှင် များသည် ၎င်းတို့တွေ့ ရှိခဲ့သော သွေးစုပ်ဖုတ်ကောင် အချို့၏ ရုပ်အလောင်းများကို ထုတ်ဖော် ပြသခဲ့ကြသည်။ သွေးစုပ်ဖုတ်ကောင်ဟု ယူဆရသော ရုပ်အလောင်းများကို တူးဖော်တွေ့ရှိခဲ့ ချိန်တွင် ၎င်းရုပ် အလောင်းများ၏ ဦးခေါင်းများသည် ၎င်းတို့၏ ခြေထောက်များကြား၌ ရှိနေခဲ့ကြသည်ဟု သတင်း ဌာနတစ်ခု၏ ဖော်ပြချက်အရ  သိရသည်။ ယင်းအခြေအနေမှာ သွေးစုပ် ဖုတ်ကောင်များကို သုတ်သင်ပြီးပါက ၎င်းတို့ပြန်လည် အသက်မဝင်စေရန် တားဆီးသည့် အနေဖြင့် ၎င်းးတို့၏ ဦးခေါင်းကိုဖြတ်၍ ခြေထောက်များ ကြားထည့်၍ မြှုပ်နှံ ပေးရသည်ဟူသော ဒဏ္ဍာရီ လာ ပြောကြားချက်များနှင့် အခြေအနေ ချင်း ကိုက်ညီမှု ရှိနေ ခဲ့သည်ဟု သိရသည်။ 

သုတေသန ပညာရှင်များသည် သွေးစုပ်ဖုတ်ကောင်များ အကြောင်းနှင့် ပတ်သက်၍ စူးစမ်း ရှာဖွေနေချိန်တွင် ယခုကဲ့သို့ တူးဖော် တွေ့ရှိမှုသည် သွေးစုပ်ဖုတ်ကောင်များနှင့် ပတ်သက်သော ပိုမိုနက်နဲသည့် အချက်အလက်များကို ထပ်မံရှာဖွေ ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ထားကြကြောင်း  သိရသည်။              

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။